အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )

Start from the beginning
                                    

"နောက်ရက်ပိုင်းအတွင်း ရိုက်ကူးရေးစလိမ့်မယ်... မင်းတို့ ရိုက်ကူးရေးမှာ ဝင်ရှုပ်လို့ ထုတ်လွှင့်မှုမှာ ပါသွားခဲ့ရင် ပါတဲ့ကောင်ကို ငါ ဘယ်လိုအပြစ်ပေးမလဲ ကြည့်နေကြ..."

ရှုချန်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။

"ဒါပဲ...တန်းဖြုတ်"

ထို့နောက် ကော်ဖီဆိုင်သို့ ရှုချန်းပြန်သွားခဲ့သည်။

ကော်ဖီဆိုင်အတွင်း၌ လင်ချူရွယ်မှာ နည်းပြနှင့် ရယ်မောပြောဆိုနေ၏။

"ဒီစစ်တပ်ထဲမှာ အနည်းဆုံးစစ်သား ၅,၀၀၀ ရှိတယ်... ဘာဖြစ်လို့ ရှုချန်း အ‌ကြောင်းကိုမှ မေးနေတာလဲ..."

လင်ချူရွယ် အနည်းငယ် ရှက်သွား၏။

"ကျွန်မက သူ့ကိုပဲသိတာလေ... ဒါကြောင့် သူ့အကြောင်း မဟုတ်ရင် တခြားဘယ်သူ့အကြောင်း မေးရမှာလဲ..."

"ခင်ဗျား ဒီကောင့်ကို သဘောကျရင်တော့ အခက်တွေ့လိမ့်မယ်..."

"ဘာဖြစ်လို့လဲ..."

"ကျုပ်နဲ့ သူနဲ့ သိတာ နှစ်တွေပဲကြာလှပြီ.. .ဒီကောင် ရည်းစားထားတာ တစ်ခါမှ မတွေ့ဖူးဘူး... ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ခါတလေ ဒီကောင် ဂေးနေလား ဒါမှမဟုတ် တစ်ခုခု ဖြစ်နေလားလို့တောင် ထင်မိတယ်... ကျုပ် တစ်ခု ပြောပြမယ် ဒီကောင့် ရိုက်အားပြင်းတာကြောင့်လည်း နှစ် ၂၀လုံး ရည်းစားမရဘဲ တစ်ယောက်တည်း ဖြစ်နေတာ နေမှာပေါ့... အဟမ်း အဟမ်း... ဆောရီး ကျုပ်မပြောသင့်တာ ပြောမိသွားတယ်..."

ကြီးကြပ်ရေးမှူးမှာ မဟုတ်သည့်အရာများပါ ပြောမိမည်ကို စိုးရိမ်နေသည့်အတွက် အလျင်အမြန် ရပ်တန့်လိုက်ရသည်။

သို့သော် လင်ချူရွယ်မှာ ရိုးသားသူဖြစ်၍ ကြီးကြပ်ရေးမှူး၏ ဆိုလိုရင်းကို နားမလည်ချေ။

"ဒီလိုမျိုး မိန်းကလေးတွေကို ရှောင်ဖယ် ရှောင်ဖယ် ဆက်ဆံတတ်တဲ့သူမျိုးက မိန်းကလေးတွေအတွက် မကောင်းလောက်ဘူးလေ..."

သို့သော် ကြီးကြပ်ရေးမှူးက ရှုချန်းကို ချီးကျူးရန်လည်း မမေ့ချေ။

"ဒါပေမယ့် ရှုချန်းက လူကောင်းတစ်ယောက်ပါ... စိတ်ချလို့လည်းရတယ်... ခင်ဗျားသာ သူ့ကိုချစ်သူ ယောင်္ကျားတစ်ယောက်အနေနဲ့ လက်ခံမယ်ဆိုရင် လုံခြုံမှု အပြည့်အဝ ရလိမ့်မယ်... သူက တာဝန်သိစိတ်လည်းရှိတယ်... မျှမျှတတလည်း ဆုံးဖြတ်တတ်တယ်... ပြီးတော့ ဘယ်ကိစ္စမဆို သူ့မှာ ဖြေရှင်းဖို့ နည်းလမ်းတွေရှိတယ်... ဘေးကျပ်‌နံကျပ်ဖြစ်နေချိန်မှာတောင် အခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိတယ်..."

နတ်နဂါးစစ်သည်Where stories live. Discover now