Part ( 7 )

463 72 11
                                    

   အိပ်ရာနိုးတာနဲ့ တခြားအရာတွေထက် အရင်စဉ်းစားမိတာသူ့ရဲ့ မျက်ကပ်မှန်ပဲဖြစ်တယ်။ တိမ်ညိုရောင် မှာ မျက်လုံးဖွင့်
ကြည့်ပြီး စစ်ဆေးတော့ သာမန်ထက် သူ့အမြင်က ဝေဝါးနေ
သည့်အပြင် မျက်ကပ်မှန်ရှိမနေမှသာ စိတ်အေးသည်။

  ထ၍ ဘေးဘီကိုကြည့်တော့ မျက်ကပ်မှန်ထည့်တဲ့ဗူးလေးကို
တွေ့ရသည်။ ယူကြည့်လိုက်တော့ အမှန်တကယ်ကို  မျက်ကပ်
မှန်တွေ က ဗူးထဲမှာပြန်ရောက်နေသည်။ မှတ်မိသလောက်
သူ ဒီ မျက်ကပ်မှန်တွေကို ချွတ်လိုက်တယ်လို့ အသိရှိမနေချေ။ ဒါဆိုရင် ဖြစ်နိုင်တာက ဟန်ရာဦးပဲပေါ့။

   တိမ်ညိုရောင်က မျက်ကပ်မှန်ဗူးကို ပြန်ချထားပြီး ကုတင်
ထက် လှည့်ကြည့်တော့ အခုထိ အိပ်မောကျနေသည့် ဟန်ရာ
ဦး ကိုတွေ့သည်။ အသာယာပဲ ကုတင်ပေါ်ပြန်တက်ကာ တင်ပျဉ်ခွေထိုင်ပြီး ခါးကိုကိုင်းကာ အနီးကပ်ကြည့်သည်။ လက်ညိုးဖြင့် ဟန်ရာဦးရဲ့ နဖူးကနေ နှာတံအဆုံးထိ ထိ ပြီးနောက် တိမ်ညိုရောင် ၏ ရယ်သံကထွက်လာသည်။

" မျက်ကပ်မှန်က အရမ်းအလုပ်ရူပ်တာ မင်းသိလား
မျက်လုံးယားလို့ ပွတ်မိရင်လည်း မရဘူး ၊ မချွတ်ဘဲအိပ်မိ
ရင် အန္တရာယ်ကများသေးတယ်။အချိန်တော်တော်ကြာထိ
ငါကျင့်သားမရခဲ့ဘူး။

"ဒါပေမယ့် ကြိုးစားပြီး နေသားကျအောင် လုပ်ရတယ်
  အဲ့တာတွေက ဘယ်သူ့ကြောင့်လို့ ထင်လဲ"

"မင်းက မျက်မှန်မတပ်ရင် ပိုကြည့်ကောင်းမှာ ဆိုတဲ့စကား
တစ်ခွန်းကြောင့်ပဲ ကြောက်လှပါချည်ရဲ့ဆိုတဲ့ မျက်ကပ်မှန်
ကို စတပ်ခဲ့ရတာကို မင်းကတော့ ဘယ်သိနိုင်မှာလဲနော် "

ကိုယ်ကိုပို၍ ငုံ့ကိုင်းကာ ဟန်ရာဦးရဲ့ မျက်နှာနှင့် နီးသထက်
နီးအောင်တိုးသည်။ တိမ်ညိုရောင် ဒီလောက်ထိ ရဲတင်းနေရ
ချင်းက ဟန်ရာဦး အိပ်နေတာ သေချာချင်းကြောင့်လား
နောက်ကျကျန်ခဲ့ရမှာ စိုးသည်ကြောင့်လား သဲသဲကွဲကွဲမသိ
ပေ။ 

   တိမ်ညိုရောင်က သူ့မျက်လုံးကို ပြူးကျယ်ထားပြီး တစ်ခခုကိုဆုံးဖြတ်လိုက်သည့်ပုံရသည်။ ပြီးတာနဲ့ သွက်လက်စွာ
လှုပ်ရှားသည်။

ɢʀᴇᴇɴ ꜰʀᴏɢ ᴀɴᴅ ᴡʜɪᴛᴇ ᴅᴜᴄᴋ Where stories live. Discover now