💞💞💞

''ဘာ ဇင်ယော်ဖြူကနေ့စက်ကွင်းညီရဲ့မိန်းမ ဟုတ်လား''

ဂန္ဓဝင် ဇင်ယော်ဖြူ့ကိုစိတ်ထဲဘဝင်မကျနေ၍စုံစမ်းခိုင်းလိုက်တာမှန်သွားပြီပင်။

''တရားဝင်တော့မဟုတ်ဘူး ဒီအတိုင်းအတူနေကြတာ နေ့စက်ကွင်းညီကလက်နှစ်ဖက်အဖြ.တ်ခံထားရတာတဲ့ အဲဒါကလည်းနေ့စက်ကွင်းကြောင့်ပဲလို့ငါသိလာတယ်''

ဂန္ဓဝင်​​ခြေချိတ်ထိုင်ပြီးလက်နှစ်ဖက်ကိုပိုက်ကာ

''ပြောချင်တာကအငြှိုးအတေးကြောင့်စက်တို့ဆီကိုဇင်ယော်ဖြူရောက်လာတယ်ပေါ့ အဟင်း လည်တော့လည်တယ် ဒါပေမယ့်တစ်ပတ်မပြည့်ဘူး သူတို့လောက်ကတော့ငါကသနားသေးတယ်''

ဂန္ဓဝင်ရဲ့နှုတ်ခမ်းထက်မှာအဓိပ္ပါယ်တစ်မျိုးပါသောအပြုံးလှလှလေးတစ်ပွင့်ပေါ်ပေါက်လာလေ၏။

______________

ပန်းကလေးခြံထဲမှာလမ်းဆင်းလျှောက်မယ်အတွေးနဲ့အခန်းထဲမှထွက်လာစဥ်သူမနဲ့မျက်နှာချင်းဆိုင်ကဦးစက်အခန်းတံခါးကပွင့်နေ၍သူမချက်ချင်းဆိုသလိုအခန်းရှေ့ရောက်သွားရ၏။

သူမအခန်းတံခါးပိတ်ပေးမလိုလုပ်နေတုန်းမှာဇင်ယော်ဖြူတစ်ယောက်ဦးစက်အခန်းထဲဝင်ကာဦးစက်ကုတင်ပေါ်လူးလှိမ့်နေတွေ့လိုက်ရပြီးလူကဒေါသထွက်သွားရသည်။ရင်ဘတ်မှာလည်းဦးစက်ခေါင်းအုံးကိုကပိုက်ထားသေးတာ။

ဟိုတစ်ခါလက်ကောက်ကိစ္စဖြစ်ပြီးကတည်းကငြိမ်သွားတာ အခုတစ်လလောက်လည်းကြာရောဇာတိကပြန်ပြလာပြန်ပြီ။

ပြီးတော့တစ်ခါတစ်ခါဦးစက်နားကပ်ကာအရောပရည်လုပ်နေတာမျိုးကိုလည်းသူမ နှစ်ခါသုံးခါမကတွေ့ခဲ့ရဖူးသည်။

''အဲဒါဘာလုပ်နေတာလဲ''

''ဟင်''

ဇင်ယော်ဖြူချက်ချင်းပဲကုတင်ပေါ်ကဆင်းပြီး

''ပန်း ပန်းကလေး''

''ဒီမှာဇင်ယော်ဖြူ ကျွန်မပစ္စည်းတွေကိုခွင့်ပြုချက်မရှိပဲလာထိရုံနဲ့အားမရသေးလို့ကျွန်မယောကျ်ားကိုပါလာပြီးထိချင်နေတာလား''

You are mine [completed]Where stories live. Discover now