Part 16

1.1K 25 12
                                        

ယွန်းထည်တို့ အိမ်ပြန်ရောက်တာအတော်ကြာတဲ့ထိ ရိုင်းက တစ်မျိုးဖြစ်နေပြီး သူ့ကိုလဲစကားသိပ်မပြောပေ။

"ယွန်းထည် ကျုပ်နဲ့စကားခဏပြောရအောင်"

သူတို့အကုန်လုံးအိမ်ထဲမှာထိုင်နေရင်းရွားကလာမဲ့ကားကိုစောင့်နေတုန်း ရိုင်းက သူ့လက်ကိုဆွဲပြီးထိုသို့ပြောလာတာကြောင့် ရိုင်းခေါ်ရာနောက်လိုက်သွားရသည်။

ခြံထဲထိရိုင်းကဆွဲခေါ်သွားပြီး။

"အဲ့ကောင်ကဘယ်သူလဲ"

"ဟင် ဘယ်သူ"

"ခဏတုန်းကကောင်"

"ဟမ် မင်းခန့်သူကိုပြောတာလား"

"အင်း"

"သူကဘာဖြစ်လို့လဲ"

"သူခင်ဗျားကိုကြိုက်နေတာ"

"ဟင် မ မဟုတ်လောက်ပါဘူး"

"အဲ့ကောင်ခင်ဗျားကိုကြိုက်နေတာကျုပ်သိတယ် ဆိုင်ထဲကပြန်ထွက်လာတော့လဲ ခင်ဗျားကိုပဲလိုက်ကြည့်နေတာ ရွာကိုပါပြောင်းလာအုံးမှာဆိုတော့ ခင်ဗျားကိုကျုပ်စိတ်မချဘူး"

"ကိုယ်က သူ့ကိုကြိုက်မယ်ထင်လို့လား"

"ယွန်းထည်သူ့ကိုမကြိုက်မှန်းကျုပ်သိပါတယ် ဒါပေမဲ့ သူရွာကိုရောက်လာရင်ခင်ဗျားကကျွန်တော့်အပိုင်ဖြစ်နေစေချင်တယ်"

ယွန်းထည် ဘာမှကိုပြန်မပြောနိုင်တော့ပေ။ဒီကောင်လေးအဖြေတောင်းတာကိုစကားသိပ်တက်တာပဲ သူအဖြေပေးလိုက်ရတော့မှာလား အရမ်းများ မြန်သွားလေမလား။

"ကျုပ်ကိုရွေးချယ်လို့ နောင်တမရစေရပါဘူး ယွန်းထည် ကျုပ်ခင်ဗျားကိုအမြဲတမ်းပျော်အောင်ထားမှာပါ ကျုပ်မလိမ်ပါဘူး ကျုပ်ခင်ဗျားကိုချစ်တယ်"

"ကိုယ်လဲ"

ချစ်တယ်ဆိုတယ်ဆိုတဲ့စကားကိုပြောမထွက်ပေ။ သူအရမ်းရှက်ပါသည် မြန်မြန်ဆန်ဆန်ပြောလိုက်ချင်ပေမဲ့ ပြောမထွက်ပေ။ သူတစ်ခါမှလဲရည်းစားထားဖူးတာလဲမဟုတ်။

"ချစ် ချစ်တယ်"

"ဟင် တကယ်လားယွန်းထည် ကျုပ်နဲ့ တစ်သက်လုံးအတူနေသွားမှာလား!"

You've reached the end of published parts.

⏰ Last updated: Oct 01, 2024 ⏰

Add this story to your Library to get notified about new parts!

မောင့်ယွန်းထည် (ရပ်နား)Where stories live. Discover now