ဘာကြောင့် သူ့လို့ အချစ်ခံ သခင်လေးက အခုလို အကျိုးမဲ့သည့် လုပ်ရပ်များကို လုပ်နေရပါသနည်း။ ယခုလိုအကျိုးဆက်မှာ သူ့၏ကျန်းမာရေးကို ထိခိုက်စေသည်သာ ဖြစ်ကြောင်း နားချခဲ့စဉ်က ရှီခဲ့သည် ချင်ရှန်းချက်ပြုတ်ပေးထားသော စွပ်ပြုတ်ပူပူနွေးနွေးကို နာနာခံခံ သောက်နေရပြီး ဆူပူနေခဲ့သည့် ချင်ရှန်း မကျေမနပ် စိုက်ကြည့်နေခဲ့ရစဉ်ကဖြစ်သည်။
တကယ်တမ်း ရှီခဲ့ မိဘအိမ်မပြန်နိုင်သည့် အကြောင်းကို ချင်ရှန်းကောင်းကောင်း နားလည်ပြီးသားမဟုတ်ပါလား။
သူ၏လိင်စိတ်ခံယူချက်ကို မိဘဖြစ်သူများက လုံး၀
နားလည်လက်မခံပေးနိုင်ခြင်းဖြစ်ပြီးဘွဲ့ရပြီးနောက်
တွင်လည်း မိန်းကလေးတော်တော်များများနှင့် Blind
Date မကြာခဏ စီစဉ်ပေးတတ်သည်မှာ ရှီခဲ့အား မိန်းမမြန်မြန် ပေးစားကာမှ စိတ်အေးနိုင်ကြမည့် ခံယူချက်များဖြင့်ပင်။
သည်းမခံနိုင်တော့သည့် ရှီခဲမှာ ယောက်ျားတစ်ယောက်နဲ့ ချစ်ကျွမ်း၀င်နေပြီး ဖြစ်ကြောင်း သူ၏ ဆက်ဆံရေးအမှန်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောကာ
အားကိုးရသူ ချင်ရှန်းအား သူ၏ အုပ်ထိန်းစောင့်ရှောက်သူ အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်တော့သည်။
ထိုကဲသို့ ဖြစ်ကြောင်းကုန်စဉ် သိထားသူ ချင်ရှန်းက
သူအား အိမ်ပြန်ဖို့ရာ ခဏခဏ တိုက်တွန်းဆူပူ လာချိန်
မှာတော့ တကယ်ကို သည်းမခံနိုင်တော့ကာ ထိုသူနှင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
Ding Dong....
အတွေးနွံ့ထဲ မျောနေစဉ်မှာပဲ အခန်းရှေ့က အသံကြောင့် ချင်ရှန်း ရောက်လာပြီဆိုတာ သိလိုက်ရသည်။ မကြာသေးမှီ ဖုန်းခေါ်ဆိုခဲ့စဉ်က သူ့အားအလွန်အမင်းစိတ်ပူဟန် ပေါ်နေသည့် ထိုသူ့အသံကြောင့် ရှီခဲ့ ကြာကြာ မာန်တင်းမထားနိုင်တော့ပဲ တံခါးကို အမြန်ဖွင့်လိုက်တော့သည်။
အခန်းအပြင်ဘက်ရှိ ချင်ရှန်းမှာ တံခါးဖွင့်လာသည့် သူ့အား ခေါင်းအစခြေအဆုံး သေသေချချာ စိုက်ကြည့်လာသည်။
ဗိုက်အောင့်နေတာကြောင့် ဗိုက်ကလေးကို လက်ဖြင့်အုပ်ကာ ကိုင်ထားသည့် ရှီခဲ့မှာတော့ နွမ်းလျလျ ဖြစ်နေသော်လည်း စိတ်ဆိုးနေသည်မှန်း သိသာအောင် နှုတ်ခမ်းလေးကို စူထားလိုက်သည်။ နေမကောင်းသည့်
ဒဏ်ကြောင့် ပုံမှန်သွေးရောင်လွမ်း နီနေတတ်သော နှုတ်ခမ်းပါးလေးမှာတော့ အနည်းငယ် ဖြူဖျော့လျက်။
YOU ARE READING
He Doesn't Love Me (他不爱我)
RomanceAuthor _ 池总渣 (chí zǒng zhā) Content tag _ Unrequited love ,Happy Enemies to lover ( do not own all of these novel and photo 🤝 ) #Shi Ke # Qin Shen
Part - 4 ( Uni + Zawgyi)
Start from the beginning
