Part - 4 ( Uni + Zawgyi)

Start from the beginning
                                        

  ရှီခဲ့ကလည်း ထိုသူနည်းတူ သူကိုယ်တိုင်ကပါ ဘာမှစပြောမလာပဲ ဖုန်းလက်ခံထားခြင်းဖြစ်သည်။ စိတ်ထဲ ကလေးဆန်ဆန်  တွေးနေသည်ကလည်း ဒီဖုန်းခေါ်ဆိုမှု
မှာ အရင်စကားပြောသူကသာ အရှုံးဟူ၍ပင်။

  နောက်ဆုံးတော့ ခေါ်ဆိုသူ ချင်ရှန်းက  သက်ပြင်း တစ်ချက်ချလိုက်ရင်း လေးနက်တဲ့ အသံဖြင့်

" မင်း... အခု ဘယ်မှာလဲ "

ချင်ရှန်း၏ ခပ်လေး‌လေး အသံကြားပြီးနောက် ရှီခဲ့ရင်ထဲ တင်းကြပ်လာကာ စကားပြောဖို့ကို ခက်ခက်ခဲခဲ အားယူနေရပြီ ဖြစ်သည်။

" မင်း..အများကြီး သောက်ထားတယ်မဟုတ်လား
ဗိုက်နာမယ်လေ "
 
  အမှန်ပင်... ရှီခဲ့ဆိုသည်က အရက်ကောင်းကောင်းသောက်နိုင်သည့် သူမျိုးထဲတွင် မပါပေ။

အစောပိုင်းကာလတွေ ဖြစ်ခဲ့တဲ့  ဘွဲ့ရပြီး သိပ်မကြာခင်
သူအလုပ်ရရှိခဲ့ စဉ်က ကုမ္ပဏီရဲ့ ၀န်ထမ်းအသစ်တစ်ယောက် အဖြစ် အားလုံးနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ရာ ညစာစားပွဲတွေမှာ အရက်နည်းနည်းလေးပိုသောက်ပေးဖြစ်ခဲ့တယ်။ အဲ့ဒီတုန်းကလည်း ရှီခဲ့တို့ ၀န်ထမ်းအသစ် တွေမှာပြိုင်ဆိုင်မှု ကြီးမားကြတယ်မဟုတ်လား။
ဒီလို ကိုယ်မိတ်ဆွေ အပေါင်းအပါတို့နဲ့လိုက်လျော ညီထွေ ဖြစ်ဖို့ ကြိုးစားကောင်းလိုက်တာ နောက်ဆုံးရလဒ် အနေဖြင့် အစာအိမ်နာရသည့် အဆင့်သို့ပါ ရောက်ရှိသွားလေ တော့သည်။

  ချင်ရှန်း ဆိုသည်မှာ ဒေါသထွက်လွန်းလို့ သူ့ကို ကုမ္ပဏီကနေ နှုတ်ထွက်ခိုင်းလုနီးပါးပင်။ ဆေးရုံမှာ ဆေးသွင်းဆေးကုသမှု ခံယူနေချိန် လူနာဖြစ်သူ ရှီခဲ့မှာ ချစ်စရာကောင်းအောင် အဆက်မပြတ် ပြုမှုနေထိုင်ပြ တော့မှသာလျင် ချင်ရှန်းက သူ့ကိုယ်စား ကိုယ်တိုင် ဖုန်းဆက်ပြီး ရာထူးမှ နှုတ်ထွက်ကြောင်း ပြောမည့် အရေးကို လက်မတင်လေး ကယ်တင်နိုင်ခြင်း ဖြစ်သည်။

  ထိုအချိန်မှစပြီး  ရှီခဲ့မှာ အရက်အလွန်အကျွံ့ သောက်ပြီးပါက  အစာအိမ်နာတတ်ခြင်းဖြစ်သည်။ ချင်ရှန်းက ယခင်ကသူကို့ မိသားစုနဲ့ ပြန်လည်သင့်မြတ်ဖို့ရာ စိတ်အားထက်သန်စွာ အကြံပေးခဲ့ဖူးလေသည်။

He Doesn't Love Me (他不爱我)Where stories live. Discover now