Arc 4🗡73🗡ထူးဆန်းသောအဘွားကြီး

Mulai dari awal
                                    

အေးစက်စက် ချွေးစက်ကြီးများ သူ့ဆီမှ စီးကျလာပြီး ကျားဖြူဓားက တားဆီးနိုင်မလား တွေးနေမိစဥ် ပထမဆုံးအကြိမ် ကျားဖြူဓားဆီက ယုံကြည်မှု ပျောက်ဆုံးသွားတာကို ခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင် သူသည် လုရွှမ်၏ ဒဏ္ဍာရီပုံပြင်များကို တွေးတော၍ ၎င်းတို့မှာ အတုအယောင်များ မဟုတ်ကြောင်းနှင့် သူ့တွင် အမှန်တကယ် အစွမ်းထက်သော အစွမ်းသတ္တိရှိကြောင်း နားလည်သွားခဲ့သည်။

သို့သော် ယခုတော့ သူသိလိုက်ပေမယ့် နောက်ကျသွားခဲ့ပြီ။

လုရွှမ် လက်ဝါးတစ်ချက်ဖြင့် ပြေးရိုက်လိုက်သည်။ ဤလက်ဝါးချက်သည် ယွမ်ချီ၊ ကိုယ်ခန္ဓာ ခွန်အား၊ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းထားပြီး စွမ်းအားသည် သူ​တော်စင် တစ်ပိုင်းနှင့် ယှဉ်နေပြီ ဖြစ်သည်။

ဒီလက်ဝါး အင်အားကို အင်အားကြီးလေးခု ပူးပေါင်းထားတဲ့ အခင်းအကျင်းတောင် မခံနိုင်တာ ဉာဏ်အလင်းလမ်းပေါ် လျှောက်လှမ်းခဲ့သော ကျောင်းသားလေးက ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိမှာတဲ့လဲ။

ဝုန်း!

မျက်နှာဖြူ လူငယ်သည် ကျားဖြူဓားသွားကို အစွမ်းကုန် ဝေ့ယမ်း၍ လုရွှမ်ရဲ့ လက်ဝါးကို ခုခံထားလိုက်သည်။ လုရွှမ်ရဲ့ လက်ဝါးစွမ်းအင် ထွက်လာသောအခါတွင် သူ လုံးဝ မလှုပ်ရှားနိုင်တော့တာကို တွေ့လိုက်ရပြီး ကမ္ဘာကြီး၏ ယေဘုယျ လမ်းကြောင်းက သူ့ကို ချုပ်နှောင်ထားလိုက်လေပြီ။

အကယ်၍ ကျားဖြူဓားက စိတ်စွမ်းအားကို ဖြတ်တောက်ဖို့ အတွက်သာ မသန့်စင်ထားပါက သူသည် ဤဓားရှည်ကိုပင် ကိုင်ဆောင်နိုင်လိမ့်မည် မဟုတ်​တော့ပေ။

ကောင်းကင် တစ်ခုလုံးသည် လုရွှမ်၏ လက်ဝါးစွမ်းအင်ဖြင့် ပြည့်နေပြီး ရှောင်စရာ နေရာမရှိ၊ ဖုံးကွယ်စရာ နေရာ မရှိပေ။ ပေါက်ကွဲသံနှင့်အတူ မျက်နှာဖြူ လူငယ်ခမျာ လွင့်ထွက်သွား​လေသည်။

လုရွှမ် အသက်ပြင်းပြင်း ရှူပြီး ကျားဖြူဓားသွားကို သိမ်းလိုက်သည်။ ကျားဖြူဓားကို သူ့လက်ထဲ ဆုပ်ကိုင်လိုက်သည်နှင့် တပြိုင်နက် လုရွှမ်သည် ဓား၏ အစွမ်းသတ္တိနှင့် ရောနှောနေသော ပြင်းထန်သော ဝိညာဉ်ဆိုးကို ခံစားလိုက်ရ၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Tempat cerita menjadi hidup. Temukan sekarang