ရှုချန်း စူးစူးရဲရဲ ပြန်စိုက်ကြည့်ကာ "ပါးစပ်ပိတ်ထား..."

လူသတ်သမားက အထင်အမြင်သေးစွာ ရယ်မောလိုက်၏။

"မစ္စတာချန်း... ခင်ဗျား ဘယ်လိုတွေလုပ်ခဲ့တယ်ဆိုတာရော သိရဲ့လား... မနေ့ညက ခင်ဗျားရှေ့နေ သေသွားတဲ့အကြောင်း မသိသေးဘူးလား..."

ချန်းချင် မျက်နှာ အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။

"ခင်ဗျားပါ သေသွားရင် အဲဒီစာရွက်စာတမ်းတွေပေါ်က ခင်ဗျားရဲ့လက်ဗွေရာလည်း အသုံးဝင်တော့မှာ မဟုတ်ဘူး..."

ချန်းချင် က "အာရှတောင်ပိုင်းရဲ့ မူးယစ်ရာဇာကို သတ်ဖို့လုပ်ခဲ့တဲ့ အရှေ့ပိုင်းတံခါးဝဂိုဏ်းက လူသတ်သမား ဗီဒီယို ငါ့မှာရှိနေတုန်းပဲ... ငါသာ ဒီဗီဒီယိုဖိုင်ကို မူးယစ်ရာဇာဆီ ပို့လိုက်ရင် အရှေ့ပိုင်းတံခါးဝဂိုဏ်းနဲ့ မူးယစ်ရာဇာ ထိပ်တိုက်တွေ့ကြတော့မှာ..." ဟုဆိုကာ သိမ်းဆည်းထားသော ဝှက်ဖဲကို ထုတ်လိုက်၏။

လူသတ်သမား ရယ်မောလိုက်၏။

"မစ္စတာချန်း ... ခင်ဗျားမှာ ကာစီနိုလိုင်စင်လေးခုရှိတယ်လို့ ပြောခဲ့တယ်မလား... ဒါတွေကို ဘယ်လို ခွဲဝေမှာလဲ... မှောင်ခိုဘဏ်အတွက် တစ်ခု... မူးယစ်ရာဇာအတွက် တစ်ခု... အရှေ့ပိုင်းအတွက် တစ်ခု... တောင်ပိုင်းအတွက်တစ်ခု... ဒီလိုမျိုးလား..."

ချန်းချင် ၏ မျက်နှာ သိသိသာသာပျက်ယွင်းသွား၏။

"မင်း ဘာပြောလိုက်တာလဲ... တောင်ပိုင်းဆိုတာကရော..."

"ဟုတ်တယ်... ခင်ဗျားရဲ့တည်နေရာကို ကျုပ်တို့သိနေတာ မထူးဆန်းဘူးလား... ခင်ဗျားက တောင်ပိုင်း တံခါးဝဂိုဏ်းဆီကို အကူအညီတောင်းခဲ့တယ်မလား... ဒါပေမဲ့လည်း တောင်ပိုင်းတံခါးဝဂိုဏ်းက ကျုပ်တို့တွေကို မယှဉ်နိုင်ဘူးဆိုတာ သိတယ်လေ... ပြီးတော့ ပင်လယ်ရေ သောက်မကုန်ပါဘူး... ကိတ်မုန့်တစ်ချပ်ကို တစ်ယောက်တည်း စားတာထက် ဝေမျှပြီးစားတာ ပိုမကောင်းဘူးလား... သူတို့ဆီကနေ ခင်ဗျားရဲ့တည်နေရာကို သိခဲ့ရတယ်..."

ကားပေါ်မှ ချန်းချင် အံ့အားသင့်သွားကာ စိတ်ပျက်လက်ပျက်လည်း ဖြစ်သွား၏။

နတ်နဂါးစစ်သည်Where stories live. Discover now