I want you to went me။
'၀န်ကြီးသားတစ်ယောက်က ဒီလိုပျက်စီးနေလို့မရဘူး'
'မသွားချင်လဲသွားရမယ် မင်းကငါ့မျိုးဆက်မလို့'
'ရွေးချယ်ခွင့်မရှိဘူးfourth ငါ့ဂုဏ်သိက္ခာကမင်းလုပ်ရပ်တွေနဲ့ဆိုင်တယ်'
ဇိမ်ခံဗီလာ။အမျိုးမျိုးသောcar brandတွေ။ချမ်းသာသည့်မိသားစု။
မွေးကတည်းကအရာရာပြည့်စုံလာတော့လိုအပ်ချက်ဆိုတာဘာလဲငါမသိ။သေချာတာကတော့အထက်တန်းကျောင်းသား
တစ်ယောက်ဖြစ်တဲ့ငါက မိဘတွေသွင်းတာသည့်ပုံစံခွက်ထဲမှာသာ။ဖိအားဆိုတာဘာလဲ။စိတ်ပျက်စရာဆိုတာဘာလဲမသိတဲ့အရွယ်မှာပေါ့။
ဖေဖေသင်ပြထားသည့်လူ့ကျင့်၀တ်တွေနဲ့အညီငါဟာမပြုံးချင်လဲပြုံးနေရပြီးမသွားချင်လဲသွားနေခဲ့ဖူးသည်။
မေမေမွေးပေးခဲ့သည့်နုနုနယ်နယ်အဖြူရောင်စိတ်လေးကြောင့်လည်းပါမည်။အများအမြင်မှာသိပ်ကိုအပြစ်ကင်းစင်ပြီးသဘောကောင်းသလိုမျိုးပေါ့။
လွပ်လပ်မှုကိုမထိတွေ့ခင်အထိတော့ငါကမိဘအရိပ်အောက်ကနေထိတာနှင့်ညိုးတော့မည့်ပန်းကလေးတစ်ပွင့်ဖြစ်ခဲ့သည်။
အကယ်၍၁၈နှစ်ပြည့်မွေးနေ့သာဖေဖေစပွန်ဆာပေးရသည့်
car showroomမှာမကျင်းပခဲ့ရင်။ကိတ်လေးတစ်ခုနှင့်မွေးနေ့သီချင်းအတူသီဆိုပေမယ့် သက်တူရွယ်တူသူငယ်ချင်းတွေသာရှိခဲ့ရင်။
ဈေးကြီးလက်ဆောင်တွေအစားမေမေအကိုကြီးကိုပေးနေကျလက်လုပ်ဆွယ်တာလေးတစ်ခုရခဲ့ရင်။
ခုလိုမျိုးကလပ်တွေမှာဆေးချပြီး..လူ့ဘောင်စည်းမျဉ်းတွေရဲ့အဝေးကိုရောက်နေမှာမဟုတ်ဘူးဟုငါတွေးမိသည်။
အမှန်ဆိုဂုဏ်ရိပ်ယောင်တွေအတွက်မဟုတ်ပဲငါ့အတွက်ပဲကြည့်တာမျိုးကိုငါလိုချင်သည်။ငါ့တစ်ယောက်ထဲကိုပဲကြည့်ပြီးအထူးဂရုစိုက်တာမျိုး။
ဖေဖေက၀မ်းကွဲအမကိုချစ်ပြီးမေမေကငါနှင့်ငါ့အကိုကြီးကိုခွဲဝေပြီးမျှမျှတတချစ်ပေးနေတာမျိုးမဟုတ်ပဲပေါ့။

YOU ARE READING
Normal no more (geminifourth ff✅)
FanfictionI don't wanna be normal no more. Fanfiction Main characters-Geminifourth Total chapter-6 hope you guys enjoy this💓