Let me in။
'ခုကစပြီး မင်းကကိုယ့်အပိုင်'
အနက်ရောင်BMWi8တစ်စီးနောက်ကလိုက်လာတာကို ကားမှန်ကနေတစ်ဆင့်မြင်သည့်အခါ ငါပို၍ပင်အရှိန်တင်လိုက်သည်။
ဆေးသုံးပြီးကားမောင်းတာရော speed limitကျော်မောင်းတာပါပေါင်းပြီးခုချိန်မှာယာဉ်ထိန်းသာရှိရင်ငါဂျေးအောင်းရမှာအသေချာ။
သို့သော်လည်းမတက်နိုင်။အခုအခြေနေကဘိန်းစားကိုရဲလိုက်ဖမ်းတာထက်ဆိုးနေသည်။
ပြောရရင်တစ်ကယ့်အရူးကောင်ကငါ့နောက်လိုက်နေတာ!! လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှသိတဲ့ကောင်ကလေ။
အရှိန်မြှင့်လိုက်တာတောင်ပါလာသေးသည့်နောက်ကကားကြောင့်အောက်နှုတ်ခမ်းကိုတစ်ချက်ဖိကိုက်ကာငါ ကားကို လမ်းမဘေးသို့ထိုးရပ်လိုက်၏။
ဆက်သာမောင်းနေရင်နောက်ကလူရောငါပါကောင်းကင်ပေါ်ရောက်သွားနိုင်ချေရှိသည်။
ကားမှန်တွေကိုအဆုံးထိတင်ရင်းငါစီယာတိုင်ကိုတင်းတင်းဆုပ်ကိုင်ထားကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း ဆံပင်တွေကိုစိတ်ပျက်စွာသပ်တင်လိုက်၏။
မနက်ပိုင်းမလို့လူရှင်းနေသည့်လမ်းမမှာငါတို့ကားနှစ်စီးသာရှိနေသည်။
အဲ့နောက်ကားပေါ်ကဆင်းလိုက်ရင်းနောက်ဘက်သို့ငါကြည့်လိုက်တော့geminiကပြုံး၍သာ သူ့ကားbodyကိုမှီရင်းငါ့ကိုလက်ပိုက်ကြည့်နေ၏။
"ကျွန်တော်တို့ကပြီးသွားပြီလေ gemဘာလိုချင်လို့ကျွန်တော့်နောက်လိုက်နေတာလဲ"
ခပ်လှမ်းလှမ်းကနေသာရပ်ရင်းဘောင်းဘီအိတ်ကပ်ထဲသို့လက်ထည့်ကာငါမေးတော့geminiကနှစ်နှစ်ကာကာပြုံး၏။
အဲ့နောက်ငါ့အနားသို့ဖြည်းဖြည်းချင်းလျှောက်လာသည်။မျက်နှာချင်းဆိုင်အနေထားသို့ရောက်သည့်အခါgemကငါ့ အားငုံ့ကြည့်လာ၏။
"မင်းကို ကိုယ်မင်းကိုလိုချင်တာ"
ခက်တာပါပဲ။ သူလိုချင်တိုင်းရ ရအောင်ငါကအများပိုင်ပစ္စည်းမှမဟုတ်တာ။
အတူတူအိပ်မိပြီးကတည်းက ငါ့နောက်တစ်ကောက်ကောက်လိုက်နေသည့်လူစီက အဖြေကစိတ်ပျက်စရာ။ဒီလောက်ကြီးကျစွဲလမ်းတာဖြစ်သွားပြီမလား။

YOU ARE READING
Normal no more (geminifourth ff✅)
FanfictionI don't wanna be normal no more. Fanfiction Main characters-Geminifourth Total chapter-6 hope you guys enjoy this💓