Weed

1.5K 149 34
                                        

Sweet but possessed။

"ကိုယ့်အတွက်တော့ထွေထွေထူးထူးရယ်မလိုပါဘူး ဒီတိုင်း fourthဖြစ်နေရုံလဲရပါတယ်"

'ဂလု'ခနဲတံတွေးတစ်ချက်မြိုချလိုက်ရင်းငါစိတ်ကျဉ်းကြပ်စွာမသိမသာလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့်လူကတော့တပ်ထားသည့်မျက်မှန်ကိုတစ်ချက်ပင့်တင်ရင်းအေးအေးဆေးဆေးပင် ကော်ဖီသောက်နေလေရဲ့။

အစကတော့blind dateပါပဲ။သို့သော်..တစ်ဖြည်းဖြည်းနှင့် မဖြစ်မနေတွဲရမည်ဟုအကျပ်ကိုင်ခံနေရသလိုမျိုးငါခံစားရလာသည်။

ဒီလိုမှန်းသာသိခဲ့ရင်ငါfordကိုအစကတည်းကမကူညီဘူးဟုငြင်းခဲ့ရမှာ။

Fordခဗျာ သူ့ဖားသားကြီးကိုနားပူစာပူလုပ်လွန်းလို့blind date စီစဉ်ပေးတာခံလိုက်ရရာမှ ငါ့ကိုဒူးထောက်မတက် သူ့အစားတွေ့ပေးဖို့တောင်းဆိုလာ၏။

ခုတော့သကောင့်သားကရည်းစားအိမ်မှာဇိမ်ကျနေပြီးငါကတော့သူ့အဖေစီစဉ်ပေးတဲ့ဂြိုလ်သားနဲ့ဒုက္ခရောက်နေလေရဲ့။

ကော်ဖီဆိုင်ကိုရောက်ခါစကအရင်တစ်ခေါက်ကတွေ့ခဲ့သည့် ခပ်ချောချောအကိုကြီးမလို့မဆိုးဘူးထင်ခဲ့ပေမယ့် တစ်ကယ်တမ်းကျ လက်ပေါက်ကပ်လွန်းလေသည်။

အစကအပျော်သဘောအနေနဲ့ငါတွဲဖို့စဉ်းစားကြည့်ပေမယ့်အခုချိန်မှာတော့ထိုအတွေးတွေကိုငါဆယ်ခါပြန်ငြင်းသည်။

ဘယ်ရှုထောင့်ကကြည့်ကြည့်ဒီလူကred flagမှန်းအသိအသာကြီး!!

တွဲတောင်မတွဲရသေးလက်ထက်ပြီးနိုင်ငံပြောင်းဖို့ပါစကားစလာလေရဲ့။အဲ့အပြင်ကိုသူကလွဲပြီးနောက်ထပ်စိတ်ကစားမှာကြောက်လို့မြန်မြန်ယူချင်ပါသည်တဲ့လေ။

၂၀ရာစုကြီးမှာဒီလိုလူတွေရှိသေးတာလား??ဟိုလူနဲ့မသွားဒီလူနဲ့မစားသူ့တစ်ယောက်ထဲကိုပဲကြည့်ရမည်ဆိုသည့်လူမျိုးလေ!?

"တစ်ကယ်တော့လေ.."

"ကိုယ့်ကိုသဘောမကျတာလား?"

အဲ့တာပဲ!လူကိုစကားဆုံးအောင်ပြောခွင့်မပေးတာအဲ့ဘဲကြီးက။သူ့များငြင်းခဲ့ရင်ငါဒီနေ့အိမ်ပြန်ရမည့်ပုံမပေါ်တော့ပေ။

Normal no more (geminifourth ff✅)Where stories live. Discover now