Unhealthy obsessive with Fourth။
"မီးခြစ်?"
ဂျောင်ကျကျလမ်းကြားထဲမှာစီးကရက်သောက်ဖို့လုပ်နေတုန်းကြားလိုက်ရသည့်အသံ။
စိတ်ရှုပ်သွားသလိုမျိုးမျက်လှန်ကြည့်လိုက်တော့ ထိုလူက နှုတ်ခမ်းတွင်တစ်ထားသည့်စီးကရက်ကိုမီးတောင်ညှိပေးပြီးနှင့်ပြီလေ။
၂၀၂၄ရဲ့ရည်းစားရှာနည်းလား?ဟက်ခနဲတစ်ချက်ရီလိုက်ရင်းစီးကရက်ကိုငါဖွာလိုက်သည်။
"အမည်က?"
နံရံကိုခပ်လျောလျောမှီလိုက်ရင်းစီးကရက်ငွေ့တွေကိုထိုလူ၏
မျက်နှာစီသို့မှုတ်ထုတ်လိုက်တော့မခံနိုင်သလိုထွက်ပေါ်လာသည့်ချောင်းဆိုးသံ။စီးကရက်နံ့တောင်မခံနိုင်သည့်လူက ကလပ်ရဲ့အနောက်ဘက်ကိုရောက်နေပါလားဟုငါခပ်ချဉ်ချဉ်တွေးလိုက်သည်။
အစကတော့ဆေးချဖို့လာပေမယ့်အဖေလွှတ်ထားသည့်အစောင့်တွေကို မြင်တာကြောင့် လူပြတ်သည့်ကလပ်အနောက်ဘက်တွင်ငါစီးကရက်လာဖွာနေခြင်း။
အတွဲတွေလောက်သာတွေ့ရတတ်သည့်နေရာမလို့ ဒီလိုလူလိမ္မာလေးရောက်နေတာကတော့သိပ်ကိုအထူးအဆန်း။
သောက်ထားသည့်အရှိန်ကြောင့်ရော ဆေးမသုံးရသေးတာပါပေါင်းပြီးလူကမူးဝေဝေနဲ့ရယ်။အာခေါင်တွေလည်း ခြောက်နေသလိုလို...
စပ်နေသည့်မျက်ခမ်းစပ်တွေနှင့်မိန်ပျပျလောက်သာရှိနေသည့်မီးရောင်အောက်တွင်မျက်နှာချင်းဆိုင်က လူရဲ့မျက်နှာကိုသဲသဲကွဲကွဲမမြင်ရပေ။
ဖွာလက်စစီးကရက်ကိုမြေပြင်ပေါ်သို့ပစ်ချလိုက်ရင်းခြေထောက်ဖြင့်နှင်းချေလိုက်သည်။
ရုတ်တရပ်မျက်နှာချင်းဆိုင်တွင်ရပ်နေသည့်လူကသူ့ဘောင်းဘီအိတ်ကပ်ထဲက အိတ်အကြည်လေးတစ်ခုထုတ်ပြလာတာကြောင့်ငါမျက်လုံးပြူးသွားသည်။
ဘယ်လောက်ပဲမူးနေတယ်ဆိုဆိုဆေးသမားတစ်ယောက်ကတော့ ဆေးကိုမှတ်မိနေဦးမည်မဟုတ်လား။
လှမ်းယူဖို့လုပ်တော့ထိုလူကနောက်ဘက်သို့ဆုတ်သွား၏။စိတ်ရှုပ်သလိုမျိုးငါမျက်ခုံးတွေတွန့်ချိုးသွားသည်။ဘာလဲဒါက!

YOU ARE READING
Normal no more (geminifourth ff✅)
FanfictionI don't wanna be normal no more. Fanfiction Main characters-Geminifourth Total chapter-6 hope you guys enjoy this💓