သူမသည် နှလုံးသားအောက်ခြေမှ လှိုင်တက်လာသည့် အံ့ဩတုန်လှုပ်မှုတွေ မျက်လုံးထဲ ထင်ဟပ်လျှက် လျန်ကျင်းရှင်ကို ကြည့်လိုက်မိသည်။

"ဒါဆို ကျွန်မသွားပြီနော်"

"ယွီအန်းယီ"

လျန်ကျင်းရှင် သူမကို လှမ်းဆွဲလိုက်ခြင်းက ယွီအန်းယီကို ထခုန်မိမတတ်ဖြစ်သွားစေသည်။

"ကိုယ်နောက်နေတာမဟုတ်ဘူး" လျန်ကျင်းရှင်က လေးနက်တည်ကြည်စွာပြောလာသည်။

ဘာတွေဘယ်လိုဖြစ်သွားမှန်းတောင် ယွီအန်းယီ အမှီမလိုက်နိုင်နေသောကြောင့် လျန်ကျင်းရှင်ကိုသာ ကြိုးစားပြီး ဖျောင်းဖြလိုက်သည်။

"ကျွန်မတို့မှာ CP fanတွေ အများကြီး ရှိပြီး လူတွေအများကြီးက ကျွန်မတို့ကို လိုက်ဖက်တယ်လို့ ထင်နေကြတာကျွန်မသိပါတယ်။ဒါပေမယ့် ဒီလိုမျိုးအရာတွေက အတည်ယူလို့ မရဘူးဆိုတာ ရှင်လည်းသိပါတယ်။CP fanတွေကြောင့် အထင်မှားမဖြစ်ခံပါနဲ့။တကယ်ကလေ…"

"ကိုယ် အတည်ပြောနေတာ။သူတို့နဲ့ မပတ်သက်ပါဘူး"

ယွီအန်းယီကား မူးလဲတော့မလိုပင် ခံစားနေရသည်။
သူမအခုဘာလုပ်သင့်သလဲ? လျန်ကျင်းရှင်ကရော  ရုတ်တရက်ကြီး  သူ့မကို  ဘယ်လိုလုပ် ကြိုက်သွားနိုင်ရတာလဲ?!

"ကျွန်မ....ကျွန်မ ပြန်တော့မယ်"

သူမလက်မောင်းကို မသိမသာပြန်ဆွဲထုတ်လိုက်သည်။

"ကျွန်မ.....ရှင်က အဆင်ပြေပါတယ်...ဒါပေမယ့် ကျွန်မ..."

ယွီအန်းယီမပြောတတ်တော့ဘူး။

"ကျွန်မတို့က ဒီတိုင်း သာမန် စီနီယာ-ဂျူနီယာ ဆက်ဆံရေးလို့ပဲတွေးထားခဲ့တာ။ ကျွန်မ ဘယ်တုန်းကမှ ရှင့်ကို မတွေး...."

ယွီအန်းယီ လုံးဝမယုံနိုင်တော့ဘူး!

"ရှင်က ကျွန်မကို ကြိုက်တယ်ဟုတ်လား?"

လျန်ကျင်းရှင် ခေါင်းညိမ့်လိုက်သည်။

"ခုနကိုယ်ဆိုသွားတဲ့သီချင်းက မသိသာသေးဘူးလား?"

"ဒါပေမယ့် ကျွန်မက...."

ယွီအန်းယီက စူးစမ်းနေသည့်သူ့ကို ပြန်ကြည့်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Dec 20, 2023 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now