ဘေးကနေမုန့်တွေတကြွပ်ကြွပ်ဝါးနေတဲ့အသံ
ကြောင့် ရိပေါ်ကသူ့ဘေးကလူကိုကြည့်လိုက်တော့ဟိုတစ်နေ့ကကျန့်ကျန့်ဆိုတဲ့ကောင်ဆိုးလေးဖြစ်နေသည်။ကျန့်ကျန့်ကတော့သူကိုတစ်ချက်မျှတောင်လှည့်မကြည့်ပဲပါးစပ်ထဲမှာပလုတ်ပလောင်းနဲ့မုန့်တွေစားနေပြီး၊လက်နှစ်စလုံးမှာလည်းမုန့်ချိုတွေ၊အအေးတွေ၊ခေါက်ဆွဲဘူးတွေကိုကိုင်ထားသည်။ဒီလောက်မုန့်တွေအများကြီးကို အကောင်သေးသေးလေးကျန့်ကျန့်ကစားနိုင်တာပေါ့လေ။
မုန့်ထုပ်တွေ၊ခေါက်ဆွဲဘူးတွေကိုလက်ထဲမှာအများကြီးယူသွားတော့ ရိပေါ်လည်းဘာမှဆက်မတွေးတော့ဘူး။သူငယ်ချင်းနဲ့မုန့်ယူပြီးဆိုင်ကောင်တာရှေ့ရပ်နေလိုက်သည်။
ရုတ်တစ်ရက်ဆိုသလိုရိပေါ်ရဲ့မျက်လုံးကစတိုးဆိုင်မှာရှိတဲ့စားပွဲဝိုင်းသေးသေးလေးဆီအကြည့်ကိုရောက်သွားသည်။စားပွဲဝိုင်းဝိုင်းသေးသေးလေးပေါ်မှာမုန့်တွေအများကြီးတင်ထားပြီး၊အချိုရည်က၄ဘူး၊ခေါက်ဆွဲဘူးက၃ဘူးတောင်တင်ထားတဲ့အပြုင် ကျန့်ကျန့်ဆိုတဲ့ကောင်လေးလက်ထဲမှာလည်းခေါက်ဆွဲဘူးကိုင်ပြီး ခေါက်ဆွဲကိုအပြီးပြင်အားရပါရစားနေတာကို ရိပေါ်မြင်လိုက်ရပြန်တယ်။
တကယ်စားနိုင်တာပဲ၊
" သားကြီး သွားမယ်လေ ဘယ်သူငေး "
သူငယ်ချင်းရှန်းချိုးကပြောမှ ရိပေါ်သတိဝင်လာတယ်။
" အော် အေးသွားမယ် "
" ဒါနဲ့မင်းဘယ်သူ့ငေးနေတာလဲ ! "
" ဘယ်သူမှမငေးပါဘူး လာ ထိုင်စားမယ် "
" ဟာ မင်းပြောတော့ဆိုင်မှာမစားချင်ဘူးဆို အိမ်မှာစားမယ်ဆို "
ရှန်းချိုးဆိုတဲ့အကောင်ကတော်တော်အရစ်ရှည်တာပဲ။သူကဆိုင်မှာထိုင်စားမယ်ဆိုထိုင်စားလိုက်ပေါ့၊အဲ့တာကိုဘာလာပြီးအရစ်ရှည်နေတာလဲ၊ရှင်းပြလည်းအပိုပဲမို့ ဒီကောင်ကိုဆွဲခေါ်လာလိုက်ရတယ်။
အနောက်ဆုံးကစားပွဲဝိုင်းကိုခေါ်သွားပြီးရှန်းချိုးနဲ့အတူထိုင်လိုက်တယ်။အနောက်ဆုံးထိုင်စားတာကဘာရယ်တော့မဟုတ်ဘူး၊အရှေ့ဆုံးစားပွဲမှာအားရပါရတစ်ယောက်တည်းစားနေတဲ့ကျန့်ကျန့်က နည်းနည်းစိတ်ဝင်စားလာလို့။