အပိုင်း ၁၁

Start from the beginning
                                    

မင်းကြီး / မင်းဖျားနေလိူ့ပါ
မနေ့ညက လှေပေါ်မှာ အချိန်ကြာသွားတော့အအေးမိသွားပုံပဲ
တော်ဝင်သမားတော်ခေါ်ထားပေးတယ် မကြာခင်ရောက်လာလိမ့်မယ်

ရှောင်ကျန့် / အရှင့်ရင်ခွင်မှာပဲ ခိုနားပါရစေနော်

မင်းကြီး / အင်းးးးရှောင်အရမ်းအားနည်းနေတယ်
ကိုယ်တော်ထွေးပွေ့ထားပါ့မယ်

ရှောင်ကျန့်က မင်းကြီးရင်ခွင်ထဲ တိုးဝင်လျက်

ရှောင်ကျန့်  / နောက်တစ်ခါလဲ လှေအတူစီးကြမယ်နော်အရှင်
အရှင်နဲ့ နှစ်ယောက်အတူလှေစီးရတာကို သဘောကျတယ်

မင်းကြီး / အင်း ကိုယ်တော်ရောပဲ

ထို့နောက် မင်းကြီးက အနမ်းခပ်ဖွဖွကို ထပ်မံခြွေယူလိုက်သည်။
ထိုစဥ် နန်းဆောင်အပေါက်ဝမှ အထိန်းတော်ကြီးအသံက
အနှောက်အယှက်အဖြစ် ဝင်ရောက်လာခဲ့၏။

အထိန်းတော်ကြီး  / သမားတော်ရောက်ရှိလာပါတယ်မင်းကြီး

မင်းကြီးက ရှောင်ကျန့်ဆီမှအနမ်းတို့ဖယ်ခွာရင်း

မင်းကြီး / ဝင်လာခိုင်းလိုက်!!!

သမားတော်ဝင်လာတော့ မင်းကြီးရင်ခွင်ထဲမှာရှိတဲ့
ကြင်ယာတော်ရှောင်ကျန့်ကိုကြည့်ကာ
အနည်းငယ် မျက်ခုံးပင့်မိသည်။
သမားတော်က ကြင်ယာတော့်ကို ရောဂါစမ်းသပ်ဖို့ရာ
အမ်းတန်းတန်းဖြစ်နေပေမဲ့ မင်းကြီးက ရင်ခွင်ထဲကချစ်ရသူကို
ထုတ်ပေးမည့်အရိပ်မမြင်တာမို့
သမားတော်ကြီးလဲ ရှေ့မျက်နှာနောက်ထားကာ
စမ်းသပ်ပေးရတော့သည်။
ခဏအကြာ စမ်းသပ်ပြီးစီးတော့

မင်းကြီး / ရှောင်ဘာဖြစ်တာလဲ သမားတော်ကြီး

သမားတော် / သာမာန် ဖျားနာတာပါမင်းကြီး
အားလဲနည်းနေပါတယ်

မင်းကြီး / ကောင်းပြီ

ထို့နောက်ဘေးမှာကပ်ရပ်နေတဲ့ အထိန်း​တော်ကြီးကိုကြည့်ကာ
အမိန့်ပေးလိုက်သည်။

မင်းကြီး / စားတော်ကဲကိုပြောလိုက်
အားရှိမဲ့အစားအစာတွေပဲ ကြင်ယာတော်ရှောင့်အတွက်
အထူးပြင်ဆင်လာခဲ့လို့

အဆိပ် အဆိပ္Where stories live. Discover now