ခေါင်းအုံးပေါ် မျက်နှာလေးအပ်ကာ မှောက်လျှက်ကျပြီး အမောဖြေနေမိသည်။ မင်းအဏ္ဍဝါလည်း သူမဘေးမှာတင်လှဲလိုက်၏။ နှစ်ယောက်လုံး အသက်ဝဝရှူကာ မျက်လုံးတွေမှိတ်ထားလိုက်ကြ၏။ နှင်းကခဏလေးဖြင့် အိပ်ပျော်သွားသည့်အခါ စောင်ယူပြီး သူမကိုယ်လုံးပေါ် လွှမ်းခြုံပေးထားလိုက်၏။

သူကတော့ အမောဖြေပြီး ရေချိုးခန်းထဲဝင်ကာ ရေဆေးပြီးမှ အခန်းထဲပြန်ဝင်ပြီး သူ့အဝတ်စားတွေကောက်ကာ သူ့အခန်းကို ပြန်ထွက်လာခဲ့သည်။ အခန်းထဲရောက်မှာ ဆေးလိပ်ကို ရှိုက်ဖွာရင်း အပြင်ကို ငေးကြည့်နေမိသည်။ မိုးလင်းခါနီးမှ သူလည်း အိပ်ပျော်ခဲ့သည်။
.....  ...... ........ ........ ....... ..... ......... ...........
ရောင်ခြည် နွေးနွေးတို့ကြောင့် သူမကိုယ်လုံးလေး လှုပ်ခက်လာကာ နိုးလာ၏။ မျက်လုံးပွင့်သည်နှင့် ညကအကြောင်း ပြန်တွေးပြီး မျက်နှာလေးမှာ ရဲခနဲဖြစ်သွားလေသည်။

အိပ်ရာကနေ ထပြီး အပြင်ထွက်ဖို့ လုပ်သည့်အခါ အဝတ်ဗလာဖြစ်နေ၍ စောင်ထဲကနေအမြန်ထွက်ပြီး အဝတ်တွေလိုက်ပြီး ကောက်ဝတ်ရသည်။ ပြီးမှ အပြင်ထွက်လာသည့်အခါ တိုက်ခန်းထဲ တိတ်ဆိတ်နေ၏။

သူမ ဝရံတာကို ထွက်ပြီး အပြင်ကိုကြည့်ကာ ငေးမောနေမိသည်။ ခြောက်လွှာမှာရှိနေသည့် သူမဟာ အောက်ထပ်ကို ခပ်ရေးရေးလှမ်းမြင်ရသလို ဘေးကပ်ရပ် တိုက်ခန်းတွေကိုလည်း ကောင်းကောင်းလှမ်းကြည့်လို့ရနေ၏။

"မနက်စာစားမယ်"

သူမ နောက်ကနေ အေးစက်စက်အသံ တစ်ခုပေါ်လာ၏။ သူမလှည့်ကြည့်လိုက်လျှင် သူက ထွက်သွားပြီ ဖြစ်၏။

သူမ မီးဖိုချောင်ထဲ ဝင်လာသည့်အခါ သူက မနက်စာပန်းကန်ကို မေးငေါ့ပြ၏။

"စား..."

သူမ ပန်းကန်ကို တစ်ချက်ငုံ့ကြည့်မိသည်။

"နှင်း မကြိုက်ဘူး"

ရှမ်းခေါက်ဆွဲကို ကြည့်ပြီး သူမက ငြင်းသည်။ သူ မျင်မှောင်ကျုံ့ကြည့်လိုက်၏။

"စား..."

သူက တစ်ခွန်းပဲ ထပ်ပြောလိုက်တယ်။ သူမက အိုဗာတင်းနှင့် ကြက်ဥကိုသာ စားချင်နေ၏။ ပြီးတော့ ပန်းသီးတစ်လုံးရယ်။ သူမစားနေကြ မနက်စာက ဒါပဲဖြစ်သည်။ အခုတော့ သူမ ရှေ့မှာရှိနေတဲ့ ရှမ်းခေါက်ဆွဲကို ကြည့်လိုက် သူ့မျက်နှာကို ကြည့်လိုက်ဖြင့် မစားဘဲ ထိုင်နေမိတယ်။

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now