ဆောင်းဟန်ဘင်း၏ 25 နှစ်ပြည့်မွေးနေ့ဖြစ်သည် ။
လူအများစိတ်၀င်စားခြင်းကိုခံရသည့် ဆောင်းဟန်ဘင်းမှာ ဆောင်းလုပ်ငန်းစု၏ပိုင်ရှင်ဖြစ်သည် ။ ဆောင်းလုပ်ငန်းစုအား ငယ်ငယ်ရွယ်ရွယ်ဖြင့် ဦးဆောင်နေသော်လည်း အထင်မသေးစေချင်လို ။
ဟန်ဘင်း၏ ဖခင်ဖြစ်သူ ဆောင်းဂျယ်အု စီမံအုပ်ချုပ်စဥ်တွင် ဆောင်းလုပ်ငန်းစုက Top10အထိ ၀င်ဆံ့နိုင်ခဲ့သည် ။ ကံမကောင်းစွာပဲ သက်တမ်းတိုလှသည့် ဆောင်းသခင်ကြီးနှင့် ဆောင်းသခင်မကြောင့် ဟန်ဘင်းမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆက်ခံသူရာထူးအား နေရာယူနေရသည် ။
ဟန်ဘင်းမှာငယ်ရွယ်လွန်းသည်ဖြစ်သည်မလို့ ရှယ်ယာရှင်တွေမှာ အစပိုင်းတွင်တော့ လွန်စွာကန့်ကွက်လှပါသည် ။ သို့သော် ဟန်ဘင်း၏ သူမတူတဲ့ ဖြတ်ထိုးဉာဏ် ၊ အရည်အချင်း ၊ စိတ်ထားကောင်းမှုတွေကြောင့် ဆောင်းလုပ်ငန်းစုဟာ ယခုတွင် ထိပ်သို့ရောက်လို့နေပြီး အချမ်းသာဆုံးစာရင်း၀င်ထဲက တစ်စုဖြစ်၍လာသည် ။
သို့ဖြစ်သည်မလို့ ဆောင်းသခင်လေး၏ မွေးနေ့ပါတီအား ပါ၀င်ဆင်နွဲချင်သူ ဒုနဲ့ဒေး ။ လုပ်ငန်းရှင်တွေမှာလည်း ဆောင်းသခင်လေးအား သူတို့၏ သမီးများဖြင့် နားဖောက်ပေးရန်ရည်ရွယ်ချက်ဖြင့် ဟန်ဘင်း၏ မွေးနေ့ပါတီအား စောင့်မျော်နေကြခြင်း ။
ပါတီတွေ သိပ့်မခုံမက်သူ ဟန်ဘင်းအဖို့တော့ မွေးနေ့ပါတီအား ကျင်းပင်ချင်းစိတ် တစ်စိလေးပင်မရှိပါ ။ သို့သော် လုပ်ငန်းရှင်တွေ၏ တောင်းဆိုချက်ကြောင့် ဟန်ဘင်းမှာ ကျင်းပရန်ဖြစ်၍လာပြီ ။ ပြီးတော့ ဟန်ဘင်းဖန်တီးထားသည့် ပျော်စရာလေးတစ်ခုကြောင့်ရောပေါ့ ။
ညပါတီဖြစ်သည်မလို့ ပွဲစဥ်ဟာ ည၁၀နာရီမှ စမည်ဖြစ်သည် ။ ဘယ်သူဘယ်၀ါတွေကို ဖိတ်ထားမှန်း ဟန်ဘင်းသေချာမသိသော်လည်း ဆောင်းလုပ်ငန်းစုနှင့်အပြိုင် ထိပ်တန်းဖြစ်သည့် ပတ်ခ်လုပ်ငန်းစု ၊ ရှန်လုပ်ငန်းစု တို့ကတော့ ကျိန်သေပေါက်လာလိမ့်မည် ။
အာ..ပြီးတော့ ဟန်ဘင်းရွံမုန်းသည့် ကင်မ်လုပ်ငန်းစုရောပေါ့..။
YOU ARE READING
Be Over The Moon // Binvin
Fanfiction25နှစ်ပြည့်မွေးနေ့အတွက် ဟန်ဘင်းမွေးနေ့လက်ဆောင်အနေဖြင့် ကင်မ်အိမ်တော်မှ အငယ်ဆုံးသားလေးကို ရရှိခဲ့သည် ။ Sung Hanbin × Kim Gyuvin One short
