" ဘာလို့လဲ ... ခ က အမေ့ကိုဘာလုပ်လို့လဲ
ဘာလို့အားနည်းတဲ့ကောင်လေးကိုမှ အမေ
အခုလိုလုပ်ရတာလဲ "
အိမ်ထဲကနေရုန်းရင်းဆန်ခတ်ဖြင့်ပြာပြီး
ပြေးထွက်လာတဲ့ ခန့်ရင်းဆက်နှင့်အတူ
ဦးခံ့ညားကပါ ဘေးတိုက်လိုက်ပါလာခဲ့တယ်
" ခင် ... အံဆွဲထဲက ကိုကြီးစာအုပ်တွေ့မိ
သေးလား "
ထိုသို့မေးနေစဉ် ခင်ကလည်းသူ့အမေကို
မျက်ရည်ရစ်သိုင်းနေတဲ့ မျက်လုံးတစ်စုံနဲ့
စိုက်ကြည့်နေတာကို ရင်းဆက်ကသတိထား
မိတော့ သူ့မျက်လုံးအကြည့်များက သူ့အမေ
လက်တစ်ဖက်ဆီသို့ အလိုအလျောက်ရောက်ရှိသွားခိုက် သူ့အမေတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ စာအုပ်အညိုလေးက
သူ့စာအုပ်ဖြစ်နေခဲ့တယ်
" သမီးမေးတာကိုဖြေဦးလေ အမေ .
မောင်လေးကိုအခုလိုလုပ်စရာလိုလို့လား "
ခန့်လည်းဘာအကြောင်းမှန်းရေရေရာရာသူ
မသိ။ သူ့အမေခိုးယူထားတဲ့စာအုပ်ကြောင့်ပဲ
ဒေါသဖြစ်ရမလား သားအမိတွေစကားများ
နေတာဘာကြောင့်လဲပဲ သိရတော့မလား သူ့
ဦးနှောက်ထဲဗြောင်းဆန်နေခဲ့။
" ဘာဖြစ်တာလဲ ခင် .. ဘာတွေပြောနေကြတာလဲ ကိုကြီးနားမလည်တော့ဘူး "
ထိုအချိန် ဇွဲမာန်ဆီကလာတဲ့ဖုန်းကြောင့်
ရင်းဆက်ချက်ချင်းပင်ကိုင်လိုက်မိသည်
" အင်း "
" ဟေး ရင်းဆက် မင်း ... မင်းရဲ့ကောင်လေး
လား ဒီညဂိုဒေါင်မီးလောင်မှုဖြစ်ပွားတဲ့ကိစ္စမှာ
ပိတ်မိခံရတဲ့သူ .. မီးတွေကတော်တော်ပြင်း
တယ်နော် ရင်းဆက် ၊ တော်သေးတာပေါ့လူတစ်ယောက်အချိန်မီလာကယ်တင်ပေးလိုက်နိုင်လို့တဲ့ အခုတော့ဆေးရုံမှာအခြေအနေကောင်းရဲ့လားမသိဘူး. ငါလည်းဖုန်းသုံးနေရင်း Newfeed ပေါ်သတင်းတွေတက်လာတာနဲ့
တွေ့လိုက်တာ. ကြည့်ရတာ လာကယ်တဲ့သူက
ရဲတွေကိုအကြောင်းကြားလိုက်တယ်ထင်တယ်"
" အင်း ဒါပဲနော်. ငါနောက်မှပြန်ဆက်လိုက်မယ်"
ခင်က သူ့အစ်ကိုဘက်ကိုလှည့်လာပြီး ရင်ထဲက
မပါတဲ့အပြုံးတစ်ခုကို လှလှပပပြုံးပြလိုက်တယ်
VOCÊ ESTÁ LENDO
If possible ~
Fanfic"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 12 )
Começar do início
