စံ အခန်းထဲမှထွက်လာပြီး အိမ်အောက်ထပ်ပြေးဆင်းခဲ့သည်။ထမင်းစားခန်းထဲမှာအလုပ်လုပ်နေသည့်ထူးထူးကိုလှမ်းခေါ်လိုက်၏။

“ထူးထူး....."

သူမ လက်ယက်ပြခေါ်မှုကြောင့် ထူးထူးက သူမအနားအပြေးရောက်လာ၏။

"ထူးထူး...ကိုလူချောကို ဒယ်ဒီကစကားပြောစရာရှိလို့တဲ့…အဲဒါသွားပြောပေးပါ့လား…”

“ဟုတ်ကဲ့ စံလေး…ထူးထူး သွားပြောလိုက်မယ်…..”

အိမ်ကအလုပ်သမားဖြစ်သည့်ထူးထူးကိုမှာပြီးသည်နှင့် စံ အိမ့်အနောက်ဘက်ကွယ်ရာအရပ်ကိုပြေးထွက်ခဲ့သည်။ကိုကြီးတိုက်နားတွင် သစ်ပင်ကြီးရှိ၍ ထိုသစ်ပင်အကွယ်မှာစံပုန်းနေ၏။ထူးထူး ကိုကြီးအိမ်လေးဆီရောက်လာပြီးသိပ်မကြာခင် ကိုကြီး စံတို့အိမ်ဘက်ဆီထွက်သွားတာကိုမြင်လိုက်ရသည်။

လူချော ကိုယ့်အိမ်ထဲမှာကိုယ်စာအုပ်ဖတ်နေ‌စဉ်မှာ အိမ်အလုပ်သမားတစ်ဦးမှ သူ့ကိုအကြောင်းကြားလာ၍ သူ ဦးဇေယျာမင်းဆီထွက်လာခဲ့သည်။

“အန်တီ……”

“ဪ..မောင်လူချောပါလား…ထိုင်ဦးကွယ်…”

သူ အိမ်ကြီးပေါ်ရောက်သည့်အခါ ဦးဇေယျာမင်းကိုမတွေ့ရဘဲ အန်တီဒေါ်မာလာဦးကိုသာတွေ့ရ၏။

“..ထမင်းချိုင့်ပို့ခိုင်းတာရော ရောက်ရဲ့လား မောင်လူချော……”

“ဟုတ်ကဲ့ ရောက်ပါတယ်ခင်ဗျ…..”

ဦးဇေယျာမင်းတို့က သူ့ကိုဒီအိမ်ထဲမှာသူတို့နှင့်အတူ ထမင်းစားစေချင်သည်။သို့သော် သူကသွားမစားပေ။တောသားပီပီ ကိုယ့်ဟာကိုယ်ချက်စားနိုင်သည့်အပြင် အန်တီတို့ကိုအလုပ်မရှုပ်စေချင်တာလည်းပါသည်။သို့သော် သူလာမစားသဖြင့် အန်တီတို့က ထမင်း၊ဟင်းကို ညမနက်စာချိုင့်ကြီး၊ချိုင့်ငယ်နှင့်နေ့စဉ်ပို့ပေး၏။

“…စံစံနဲ့တွေ့ချင်လို့လား မောင်လူချော…..”

“ဗျာ….ဟို….”

သူစကားတိတ်နေသဖြင့် အန်တီကသူ့ကိုမေးလာ၏။သူဘာပြန်ဖြေရမှန်းမသိပေ။နည်းနည်းလည်း နားမလည်သလိုဖြစ်လာသည်။သူလာသည်မှာ ဦးဇေယျာမင်းကသူ့ကိုတွေ့ချင်သည်ဟုဆို၍လာခြင်းဖြစ်သည်။

🎉 Je bent klaar met het lezen van ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ ) 🎉
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Waar verhalen tot leven komen. Ontdek het nu