Part 6: Past ...

Beginne am Anfang
                                    

လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကြောင့် ... ပေါ်ပေါ်ထင်
ထင်နေလေ့မရှိပေမယ့် ... ချစ်ရတဲ့ကလေးမက
အတင်းခေါ်နေတော့ ဘယ်လိုလုပ်ရမလဲ
သွားရမှာပေါ့ ....
လူမသိအောင် ဖံုးကွယ်ပြီးသွားပေမယ့် .... Mine က
ဘယ်ရောက်နေတာလဲ ... ဖုန်းလဲဆက်မရဘူး
တစ်ယောက်ယောက်မေးဖို့ကျတော့လဲ အကုန်လံုးက
ပျော်ပါး မူးရူးနေသလိုပဲ .....
ဘယ်သူ့မွေးနေ့မို့လို့ အဲ့လောက်လူများရတာလဲ ....

      " သခင်လေးလား .... သခင်လေးရောက်လာတာ
လား .... ဘာဖြစ်လို့လဲ "
       " အော် ... Mine ကသူ့ကိုလာခေါ်ပေးပါဆ်ိုလို့လေ
Mine ဘယ်မှာလဲ "
       " မွေးနေ့ရှင်ရဲ့ နားနေခန်းမှာ အတူရှိပါတယ် "

အခန်းထဲကို ဝင်သွားပေမယ့် .... ထိတ်လန့်ဖွယ်
မြင်ကွင်းက ကျွန်တော့်ကို ကြိုဆိုနေတယ်
သွေးတွေကြားမှာ လဲကျနေတဲ့ .... ညီမလေး

     " Mine !!!!! "
     " မမလေး !!! "

အမြန်ပွေ့ဖက်လိုက်ပေမယ့် .... အသိလဲရှိနေသေးပေ
မယ့် ခေါ်မရဘူး
ဘယ်လောက်ခေါ်ခေါ် အသိမရှိနေဘူး
မဟုတ်သေးဘူး .... မတုန်လှုပ်နဲ့ .... ငါကသန်မာရမယ်   ငါ့ညီမလေးကို ကယ်ရမယ် ....
သွေးတွေပေကျံနေတဲ့ ညီမလေးကိုအမြန်ဆံုး ကားဆီပွေ့ချီပြီးခေါ်ခဲ့တယ်

      " မင်းနေခဲ့ .... ငါ့ညီမလေးကိုဘယ်သူက .... ဒီလို
ဖြစ်အောင်လုပ်လဲ .... သိအောင်လုပ်ခဲ့
ပြီးရင် အဲ့ကောင်ကို .... ငါကိုယ်တိုင်သတ်ပြစ်မယ် "

ငယ်ငယ်ထဲက သေနတ်ကိုင်လာတဲ့ သူတစ်ယောက်ပါ
ဘာကိုမှမကြောက်သလို .... အဆိပ်ပြင်းတဲ့လူငယ်
လေးတစ်ယောက်ပါ
လူသတ်ဖို့ လက်တွန့်နေမှာမဟုတ်ဘူး

     " ကျေးဇူးပြုပြီး .... အားတင်းထားပါ
Mine က ကိုကို့ရဲ့ညီမလေးမို့ .... ကျိန်းသေသန်မာမှာ
အဲ့ကြောင့် ကျေးဇူးပြုပြီး .... ခဏလောက်ပဲ
ခဏလောက် "

ကားကိုသူမတူတဲ့ အရှိန်နဲ့ .... မောင်းလာခဲ့တယ်
အခုချိန်မှာ ... အချိန်မီဆေးရုံရောက်မှရမယ် .....

    " အား !!!!! "

ရှေ့ကကားကို ကျော်တက်ရင်း ..... အရှိန်မထိန်းနိုင်
ဖြစ်ပြီး သစ်ပင်ကိုဝင်တိုက်မိတယ်
တော်သေးတာက .... ငယ်ငယ်ထဲက ကားမောင်းလာ
တဲ့အတွေ့အကြံုကြောင့် .... ဝင်တိုက်မိပြီးခေါင်းနည်း
နည်းကွဲသွားရုံလေးက လွဲရင် ....
အဆင်ပြေပေမယ့် .... တစ်ဖက်ကားက ....
ဘေးကတောင်စောင်းနဲ့ အရှိန်ပြင်းပြင်းတိုက်မိသွား
တာပဲ
ခေါင်းထိသွားလို့ .... တော်တော်မူးဝေနေပြီ

Light Wo Geschichten leben. Entdecke jetzt