"ဖေဖေ့မြေးဘက်ကနေ လိုက်ကာမနေပါနဲ့
ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်နဲ့သွားရဲတာကို တကယ်အံ့သြတယ် ပြောစမ်း ကမ္ဘာဗိုလ်
မင်းက ငါ့ကို အဖေလို့မှတ်သေးရဲ့လား"

ဖိုးဖိုးကြီးနဲ့ပါပါး စကားအခြေတင်ပြောနေသည့်ကြားထဲ ကမ္ဘာဗိုလ် ဝင်မပြောရဲဖြစ်ကာ
ငြိမ်နေမိသည်။ပါပါးကမေးလာသည်ကို
ခေါင်းရမ်းပြရုံပြလိုက်ရင်း အသံမထွက်ဘဲနေမိသည်။

"ငါ မေးတာဖြေ"

"!အား ပါပါး သားနာတယ်"

အသံထွက်မပြောသည့်ကိုယ့်ကို ပါပါးက
ပိုပြီးဒေါသထွက်သွားပုံရသည်။
ကိုယ့်ရဲ့ဆံပင်အရှည်ကြီးကို လက်နဲ့စုပ်ကိုင်ကာ
ဆောင့်ဆွဲလာသည်။

"ငါမေးရင်ဖြေမှကြိုက်တာ မင်းသိတယ်နော်
ငါ့ကိုအဖေလို့သဘောထားရဲ့လား ဖြေ"

"ပါပါးကအမြဲ သားရဲ့ပါပါးပါ"

"ငါတားတုန်းက ငါ့ကိုဂရုစိုက်စရာမလိုဘူး
ထင်တာလား"

"!မဟုတ်ပါဘူး ပါပါး !အား တောင်းပန်ပါတယ်
ဆံပင်ကို လွှတ်ပေးပါနော် တကယ်နာလို့"

"တော်တော့ ဗိုလ် သားငယ် နာနေပြီ"

daddyက ပါပါးလက်ကိုအုပ်ကိုင်ကလွှတ်ဖို့ပြောပေးပေမယ့် အားသန်သည့် ပါပါးက
လုံးဝမလွှတ်ပါ။

"ခင်ဗျား ငြိမ်နေ ဦးထွဋ်"

"ကလေးကို အဲ့လောက်ထိ မလုပ်နဲ့ကွာ"

"ဒီကောင် ဗိုက်ထဲမှာတုန်းက ဖျက်ချခိုင်းတာ ခင်ဗျားနော် ခုမှလာပြီ သနားပြမနေနဲ့"

"!ဗိုလ်"

ပါပါးစကားမှာ ကမ္ဘာဗိုလ် ငြိမ်သတ်သွားမိသည်။
daddyက ကိုယ့်ကို ဖျက်ချခိုင်းခဲ့တာတဲ့။
စစ်ကနဲ့နာကျင်ရတာကြောင့် ကိုယ့်ဆံပင်ကိုဆောင့်ဆွဲထားသည့် ပါပါးလက်ကနေလွတ်ဖို့မရုန်းမိ
ဒူးထောက်ထိုင်နေရာကနေ ကြမ်းပြင်ထက်
ထိုင်ချမိသွားရသည်။

"ဗိုလ် စကားကို လက်လွတ်စပယ်မပြောနဲ့ကွာ
ဦးထွဋ် ဘာလို့ အဲလိုလုပ်ခိုင်းခဲ့တယ်ဆိုတာ
ဗိုလ် သိရဲ့သားနဲ့"

"ခင်ဗျားလည်း ကျုပ်ဒေါသကိုသိရက်နဲ့ဘာလို့လာတားလဲ"

သားရှေ့မှာမပြောသင့်ဆုံးစကားကို
လွတ်ကနဲ့ပြောမိတာမှားသွားမှန်း သူရခန့်ဗိုလ်ဝန်ခံသည်။ကမ္ဘာဗိုလ်လေးက ကျန်းမာရေးချူချာသည်။ငယ်စဥ်ကတည်းက ပိုးမွေးသလိုမွေးခဲ့ရတာ သူဝါသနာပါတဲ့ အကကို
မကစေချင်ဘူးဆိုတာ ပင်ပန်းတာမခံနိုင်သည့်
သားကို စိတ်ပူလို့ တားနေရတာ။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now