"ဆောင်းဟန်ဘင်း! ကျွန်တော် ခင်ဗျားကြီးကို ကြိုက်လို့~~~အဲ့တာ အဖြေပြန်ပေးပါ"
ကန်တင်းတစ်ခုလုံး ဆူညံပွက်လောရိုက်မနေတော့ဘဲ အပ်ကျသံတောင်မကြားရလောက်အောင်အထိ တိတ်ဆိတ်ငြိမ်သက်အောင် လုပ်လိုက်သည့်သူမှာကား ဟန်ဘင်းတို့ စားပွဲရှေ့မှာ ရပ်နေသည့် နို့ပူတင်းနဲ့တူသော အနှီပေါက်စပင်။
ကန်တင်းတခုလုံးက လူအားလုံး၏ အာရုံမှာကား ဟန်ဘင်းတို့ဝိုင်းကိုပင်။ အထူးသဖြင့် ဟန်ဘင်းနဲ့ ထိုကောင်လေးကို။
ဖွင့်ပြောခြင်းကို ရိုးရိုးလေးပြောလိုက်ပါသော်ငြား ဟိန်းထွက်နေတဲ့ အသံဆာဆာလေးက ကန်တင်းတစ်ခုလုံးကိုတောင် တိတ်ဆိတ်သွားအောင် လုပ်လိုက်သည်မှာ အင်မတန်ကို အူကြောင်ကြောင်နိုင်လှသည်။
"ဘာတွေကြောင်ကြည့်နေတာလဲ၊ အဖြေပြန်ပေးလို့ ပြောနေတယ်လေဗျာ"
ကလေးတွေ မိဘဆီက မုန့်ဖိုးတောင်သလိုမျိုး လက်ဖြန့်ကာ ဟန်ဘင်းဆီက အဖြေတောင်းနေသည့် အနှီပေါက်စကြောင့် ဟန်ဘင်းမှာ ဟက်ခနဲ ရီမိသည်။ ဘေးနားက ကောင်တွေကလည်း ပြုံးစိစိနဲ့ ရီချင်သည်ကို အတင်းထိန်းထားနေပုံရသည်။
"ဒီမှာ ကောင်လေး~~~နို့ပူတင်းနဲ့တူတဲ့ မင်းလိုမျိုးလေးတွေကို ကိုယ်စိတ်မဝင်စားဘူး၊ အားတော့နာပါရဲ့"
ထို့သို့ပြောတော့ ပခုံးတချက်တွန့်ပြပြီး ခေါင်းတညိမ့်ညိမ့်လုပ်လာသည်။ ဘာလေးလား???။ ဟန်ဘင်းပြောတာကို ဂရုမစိုက်ဘူးဆိုတဲ့သဘောလား။
"အဟွန်း~~အပြောမစောပါနဲ့ ခင်ဗျားရယ့်၊ ကျွန်တော်က လိုချင်တာကို မရရအောင် ယူတတ်တဲ့သူမို့ ခင်ဗျားအချစ်တွေ ကျွန်တော့်ကို ပေးဖို့ပြင်ထားနော် မွ!"
ခုနက တိတ်ဆိတ်နေတဲ့ ကန်တင်း တစ်ခုလုံး ဝိုး ဝါးတွေဖြစ်ကုန်တော့သည်။ အကြောင်းမှာကား ထိုအနှီကောင်လေးကို ဟန်ဘင်းရဲ့ မျက်နှာနားကိုတိုးလာပြီး ပါးကို နမ်းလိုက်လို့ဖြစ်သည်။ ဘေးက ကောင်တွေမှာလည်း အကြောင်သား။ ဟန်ဘင်းဟာလည်း မျက်လုံးပြူး မျက်စံပြူးပြီး အသက်တောင်ထွက်သွားပီလားမသိတဲ့အတိုင်း ကျောက်ရုပ်ကြီးလို့ တောင့်တောင့်ကြီး ဖြစ်လျက်။
YOU ARE READING
/~♡အဖြေပေး
Fanfiction"If you don't mind, could you please give me an answer that I'd favor" Sung Hanbin + Zhanghao (one shot)
