"ဟုတ်ကိုကို ဟီးဟီး ခဏပဲစောင့်"
မျက်နှာချိုသွေးကာပြုံးပြ၍ကားပေါ်ကပြေးဆင်းသွားသောကလေးမကိုမနိုင်ဘူးဆိုသည့်အကြည့်နှင့်ကြည့်လိုက်ပြီး ပိုက်ဆံအိတ်ထဲမှဖုန်းကိုထုတ်လိုက်သည်။
တူ..တူ..တူ..သုံးခါမြောက်တွင်မှကိုင်လာသောဖုန်း
"ဟယ်လိုအကိုလေး"
"အင်း ငါမနက်ဖြန်ရုံးရောက်တာနဲ့ မီယွန်းဂီတာသင်တန်းကWonbinအကြောင်းကိုသိချင်တယ်"
ပြောပြီးသည်နှင့်ဆွန်းဟန်ဖုန်းချလိုက်သည်။ထို့နောက် mallထဲကမုန့်ထုတ်တွေဆွဲကာထွက်လာသောမီယွန်းကိုလှမ်းကြည့်နေလိုက်သည်။ဒီကလေးမဟာတကယ်ချစ်မွှေးလေး။
"ကိုကိုကလည်းနော် အထုတ်လေးတောင်လာကူဆွဲမပေးဘူး"
"ဒါပေမယ့်ရပါတယ် ကိုကို့ကတ်နဲ့မုန့်တွေအများကြီးဝယ်ခဲ့တာဆိုတော့ အဟီး"
ဆွန်းဟန်ကားမောင်းရင်းမှ မုန့်ထုတ်ကိုချက်ချင်းဖောက်စားနေသောမီယွန်းကို လှည့်ကြည့်လိုက်သည်။နှုတ်ခမ်းတွေမှာလည်းပေပွနေတာပဲတကယ်ကလေးပေါက်စ။
"ဒီနေ့ဒယ်ဒီနဲ့ညစာစားရမှာသိတယ်မလား
မုန့်တွေအများကြီးမစားနဲ့ ထမင်းမစားနိုင်ဘဲနေမယ်""ဟုတ် သိပါတယ်ကိုကိုရဲ့"
"ဒါနဲ့ပါးပါးက အဲ့မှာဘယ်လောက်ကြာမှာလဲ""တစ်လလောက်ကြာမယ်ထင်တယ်ဒီတစ်ခေါက်ကအလုပ်ကိစ္စနဲ့ဆိုတော့"
ဆွန်းဟန်ပြောလိုက်တော့မီယွန်းကနှုတ်ခမ်းဆူလာသည်။သူဂျစ်တိုက်ရမယ့်သူတစ်ယောက်လျော့သွားမှာမို့စိတ်ကောက်ချင်နေတာနေမှာ။
"ဟေ့ဟေ့ စိတ်ကောက်ချင်ဒယ်ဒီ့ကိုကောက်နော်ကိုကို့ကိုတော့လာမကောက်နဲ့ မင်းပါးပါးကိုစိတ်ကောက်ပြီးလက်ဆောင်တွေအများကြီးပူဆာလိုက်"
မီယွန်းကဆွန်းဟန်ပြောတာကိုမကြားသလိုလုပ်ပြီးကားမှန်ချကာအပြင်ငေးနေသည်။ဒယ်ဒီရေချော့ပေအုံးပေါ့ ဒယ်ဒီ့တူမကောက်တေးကို။
________ //________
ကားပေါ်မှပြုံးပြကာတာ့တာပြနေသောကလေးမကို Wonbin အသိအမှတ်ပြုပြန်လည်ပြုံးပြပြီးခေါင်းငြိမ့်ကာလှည့်ထွက်လိုက်သည်။ဘယ်တုန်းကမှန်းမသိကျစ်နေအောင်ဆုပ်ကိုင်ထားမိတဲ့ဂစ်တာအိတ်ကကြိုးကိုဖြေလျော့လိုက်တော့နီရဲနေသည့်လက်တွေ။ လက်တွေတောင်နီရဲသည်အထိဖြစ်သွားသည်ပဲ။ဘေးမှလှစ်ကနဲထွက်သွားသောအနက်ရောင်ပြိုင်ကားလေးကိုအမှတ်တမဲ့လိုက်ကြည့်မိသွားသေးသည်။
He is Mine 1
Start from the beginning