အပိုင်း ၁၉ : ကွယ်လွန်သူ၏ကားချပ်များ

Comenzar desde el principio
                                    

မင်းတီလေးမိသားစုရဲ့ ဘိုးဘေးကိုတော့ ငါသိတယ်ကွ ။

စော်ကားတာမဟုတ်ဘူးနော် ။ ငါသူနဲ့တကယ်သိတာ ။

ဝမ်းရှီ စိတ်ထဲမှသာ ပြောလိုက်သည် ။

"မတော်သေးဘူးလား ! " ကျန်းပိလင်သည် သူမ၏သားဖြစ်သူကြောင့် အလွန်အမင်း အားတုံ့အားနာဖြစ်နေရကာ အနောက်သို့ တွန်းပို့လိုက်ပြီး ဝမ်းရှီကို ပြောလာ၏ ။ "သူ ငယ်ငယ်တုန်းက ကျန်းလန်....သူ့တီလေးက သူ့ကို အဓိကမိသားစုကြီးနဲ့ အတူနေဖို့ နှစ်နည်းနည်း‌လောက်ခေါ်သွားဖူးတော့ သူက အရမ်းခင်နေတာ ။ ဒါကြောင့် သူပါးစပ်ဟလိုက်တာနဲ့ သူ့တီလေးအကြောင်းချည်း ပြောနေတော့တာပဲ ။ သူ့ကိုစိတ်ထဲထားမနေပါနဲ့ "

ဝမ်းရှီ : "အင်း "

ကျန်းပိလင်က ထပ်ပြောလာသည် ။ "ရှောင်ရှဆီက ကြားတာတော့ ဒါက မင်းလှောင်အိမ်ထဲ ဝင်တာ ဒုတိယအကြိမ်ဆို ? ဒုတိယတစ်‌ခေါက်ပဲရှိသေးမှတော့ အခုလောက်လုပ်နိုင်တာကတင် အတော်တော်နေပါပြီ ။ ဖြည်းဖြည်းချင်း အချိန်ယူပါ ။ အဘိုးရှန်မှာ ဆက်ခံမဲ့သူတစ်ယောက်ရှိသွားတာပေါ့ "

ဝမ်းရှီသည် ရှချောင်ကို တစ်ချက်လှမ်းကြည့်လိုက်လေ၏ ။

သည်အရူးလေးက သူ့အချက်အလက်များကို လျှို့ဝှက်ထားရန် ကောင်းကောင်းသိပုံရပြီး သူ၏နောက်ကြောင်းများကိုလည်း မဖော်ထုတ်လိုက်ပေ ။

ကျန်းပိလင်က သူ့ကို ရှန်ချောင်လက်ခံထားသည့် နောက်ထပ်တပည့်တစ်ယောက်ဟု သတ်မှတ်လိုက်ပုံပင် ။ ရှချောင်ထက် အနည်းငယ် ပိုသာသော တစ်ယောက်--ဘာကိုမျှ မသိ--မဆိုသလောက်သာ ပိုတော်သော တစ်ယောက်အဖြစ် ။

နာမည်စာရင်းထက်ရှိ ရှန်ချောင်၏မျိုးဆက်အောက်တွင် 'တပည့်အသစ်လေး'ဖြစ်သည့် သူ့နာမည်ပေါ်မလာ‌ခဲ့သည်ကိုး ။ သို့ဖြစ်၍ သူသည်လည်း အရည်အချင်းမရှိသည့် ပေါက်စလေးဖြစ်ပုံရသည် ။

သို့တိုင် ကျန်းပိလင်၏ စိတ်သဘောထားမှာ အလွန်ကောင်းမွန်သည်ဖြစ်ရာ အတွေ့အကြုံမရှိသည့် ငနုလေးများကိုပင် ယဉ်ကျေးပျူငှာနေဆဲဖြစ်ပြီး ဟိတ်ကြီးဟန်ကြီးပြုမူလာခြင်းလည်းမရှိပေ ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Donde viven las historias. Descúbrelo ahora