ရာသီတွေအလီလီပြောင်းရွှေရင်းနဲ့ပင်
လေးနှစ်တာကြာမြင့်လာခဲ့ပြီဖြစ်သည်။
တစ်ယောက်သောသူဟာ လည်း သူနေတဲ့တိုက်ခန်းလေးရဲ့ ပြတင်းပေါက် မျက်နှာမူကာ တစ်စုံတစ်ယောက်အားလွမ်းဆွတ်နေပုံ ရသည်။
ထိုစဉ်....
" Moshi Moshi "
" မင်းနေရတာအဆင်ပြေရဲ့လား Ita "
" ငါပြေပါတယ်..."
" မင်းပြောတဲ့ ကလေးလေးကို လွမ်းနေတုန်းလား "
" တိုက်ဆိုင်မှုရှိရင်တော့ လွမ်းတာပေါ့ကွာ "
" Hokkaido မှာပဲ ပျော်ပျော်နေပါတော့ကွာနော် , ငါ့ကိုလိုတာပြော "
" ဒီနေ့ရော .. ကုကုလေးနဲ့လာခဲ့ဦး ၊ သူကြိုက်တဲ့ Takoyakiတွေ ငါလုပ်ထားတယ် Cheese နဲ့ "
" အေး.. ငါအလုပ်ကနေ ဘေဘီနဲ့ အချိန်ညှိပီး မင်းကိုတစ်ချက်ပြန်ပြောမယ် "
" အေးပါ..ဒါပဲနော် "
" နေဦး.."
" အင်း..ပြော.."
"Mahiro အကြောင်းကြားပီးပီလား "
ထိုစကားကြောင့် ဖုန်းချခါနီးလက်ဟာ တန့်သွားသည်။
သိချင်သည့်ပုံစံဟာ မျက်နှာမှာပင်ထင်းခနဲ
ယိုရှီပြောလာမည့်စကားအားငြိမ်၍ နားထောင်နေမိသည်။
" မင်း မလန့်နဲ့နော် "
" သူနဲ့ငါက ဘာမှကိုမဆိုင်တာမို့ ၊ ရင်ဘတ်ထဲ လည်းဘာမှမရှိတာလွန်ခဲ့တဲ့ငါးနှစ်ထဲကပါ "
" အော်...ဒါဆိုလည်း ထားလိုက်ပါတော့ "
" မဟုတ်ဘူးလေ..မင်းပြောမှာမလား ၊ ပြောလက်စနဲ့ပြော "
" လူချင်းတွေ့ပီး ပြောချင်တယ် "
" ဘာကိစ္စမို့လို့လဲ ၊ တော်တော်အရေးကြီးလို့လား "
" အင်း.."
" အင်းပါ..မင်းသဘော .. ညနေကုကုကိုခေါ်ခဲ့ "
ညနေရောက်တော့....ကုကုလေးနဲ့ ဘေဘီကိုဝင်ခေါ်ပီး Ita ဆီသို့ပင်
" မြန်လိုက်တာ ငါ့ကောင်ရယ် ၊ ချက်ချင်း "
" မင်းပဲ ခေါ်တာလေ မဟုတ်ဘူးလား ၊ မင်းနော် ငါ့သားကို Takoyaki ကျွေးမယ်ဆို ဘယ်မှာလဲ "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !