Part-75 (Unicode + Zawgyi)

Start from the beginning
                                        

ထိုသို့များသွားသော်လည်းဈာန်မင်းတခေတ်တို့ကဟိုတယ်တွင်မလုပ်ပေ။ သူ၏အိမ်တွင်သာပါတီပွဲကိုကျင်းပလေသည်။ ဈာန်မင်းတခေတ်၏အိမ်သည်တော်တော်ကိုကျယ်ပါသည်။ ထို့ကြောင့်ထိုလူတစ်စုမှာ ခြံဝန်းထဲသူနေရာနှင့်သူပင်ပြည့်နှက်သွားလေသည်။

-တင်း တင်း တင်း-

ဈာန်မင်းတခေတ်သူတို့ထိုင်နေသည့်ဝိုင်းမှထကာ အလှပန်းများတင်စိုက်ထားသောအုတ်ခုံအမြင့်နေရာသို့တက်သွားကာ ဝိုင်ခွက်ကိုမြှောက်၍ဇွန်းဖြင့်ခေါက်လိုက်သည်။ ထိုအခါလူအားလုံးသည်သူ့အားကြည့်လာကြလေသည်။

ဈာန်မင်းတခေတ်သည် ထူးသက်၏လက်ရာဖြစ်သော suit နက်ပြာရောင်ဖြင့်လူကြီးလူကောင်းဆန်ကာကြည့်ကောင်းနေလေသည်။ ထိုsuitနက်ပြာရောင်၏ကော်လာတွင်ငွေမျှင်ရောင်ကနုတ်လည်းပါရှိလေသည်။ အတွင်းတွင်ဝတ်ထားသောရှပ်အင်္ကျီမှာအနက်ရောင်ဖြစ်ပြီး Neck-tie ကတော့ခဲပြာရောင်ကိုအစင်းလိုင်းများနှင့်ဖြစ်လေသည်။

ခွန်းနှောင်ကြိုးသည်လည်းထိုသို့ပုံစံတူပဲပင်။ နှောင်သွေးလေးနှင့်လိုရာလေးကိုပါအဖေများနှင့်ဆင်တူချုပ်ပေးထားပြီး သံစဉ်လေးကိုမူခဲပြာရောင်ဂါဝန်လေးကိုမှ လက်ပြတ်လေးဖြင့်ချစ်စရာကောင်းအောင်ချုပ်ပေးထားလေသည်။ဆောင်းတွင်းဖြစ်တာကြောင့်အပေါ်ထပ်လေးကိုပါလိုက်ဖက်စွာချုပ်ပေးထား၍ မဝတ်ထားဘဲအပေါ်မှသာခြုံထားပြီးအင်္ကျီရှေ့နှစ်ခုကိုပတ္တမြားနီရင်ထိုးလေးဖြင့်ထိုး၍ချိတ်ထားလေသည်။

"အားလုံးပဲ..ကျွန်တော့်မှာပြောစရာရှိပါတယ်။ ပထမဦးဆုံး ကျွန်တော်ရဲ့မွေးနေ့ကိုလာပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်"

သူကသာစကားအဖြစ်ကျေးဇူးတင်တယ်ပြောလိုက်တာ အဖိတ်ခံထားရသည့်သူများကတော့ဈာန်မင်းတခေတ်ကိုတကယ်ပင်ကျေးဇူးတင်နေကြလေသည်။

"ပြီးတော့ ဒုတိယအနေနဲ့ကျွန်တော့်ကိုမွေးဖွားပြီးအခုအရွယ်ထိမေတ္တာမပြတ်ဘဲ ချစ်ပေးခဲ့တဲ့ဖေဖေနဲ့မေမေကိုကျေးဇူးတင်ပါတယ်။ ဖေဖေနဲ့မေမေ Love you"

ဈာန်မင်းတခေတ်ပြုံး၍ဦးစိုင်းသစ်တခေတ်တို့ဘက်လှည့်ကာပြောလိုက်တော့ ဦးစိုင်းသစ်တခေတ်ကပြန်၍ပြုံးကာခေါင်းညိတ်ပြလေသည်။ ဒေါ်မြတ်သီရိနွယ်ကတော့ မျက်ရည်လေးဝဲလျက်ပေါ့။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now