Part-74(Unicode + Zawgyi)

Start from the beginning
                                        

ပိုးပိုးဖြူကထမင်းကြော်ပေးထားကာက‌လေးများကိုထမင်းကြော်ထည့်ပေးလိုက်ပြီး ခွန်းနှောင်ကြိုးကတော့နွားနို့ဖျော်ပေးလိုက်သည်။

ထို့နောက်သူကတော့ထမင်းမစားတော့ဘဲဝင်ထိုင်လိုက်ပြီး ကလေးများစားတာကိုသာကြည့်နေလိုက်သည်။

"ခွန်း ထမင်းမစားဘူးလား?"

"ဟုတ်မမ ခွန်းရင်ပြည့်နေလို့.."

"အယ်..မမဘာလုပ်ပေးရမလဲ? ‌အစားလေးစားပြီးဆေးသောက်ထားလေခွန်းရယ်.."

"ဟုတ်ကဲ့မမ ခွန်းကလေးတွေကိုလိုက်ပို့ပြီးပြန်မှပဲတစ်ခုခုစားလိုက်တော့မယ်"

"ဟုတ်ပါပြီရှင်"

ခွန်း မမပိုး၏အပြောကိုပြုံးသာပြလိုက်၍ဘာမှပြန်မပြောတော့ဘဲနေလိုက်သည်။ ခဏအကြာကလေးများကစားပြီးသွားကြသည်။ ထို့ကြောင့်ကလေးများကိုကျောင်းသို့လိုက်ပို့ရန်ပြင်လိုက်သည်။

ယခုဆို ခေတ်ကခွန်းအတွက်ကားတစ်စီးဝယ်ပေးထားကာ ကားမောင်းပြန်သင်ပေးထားပြီးသူမရှိသည့်အချိန်တွင်ယခုလို,လိုအပ်လာလျှင်မောင်းလို့ရအောင်ဖြစ်လေသည်။

ဖိုးဝလေးကလည်းမောင်းတတ်ပါသည်။ သို့သော်ထိုကောင်လေးကလည်းကျောင်းတစ်ဖက်နှင့်မို့ ခေတ်မရှိသည့်အချိန်အတွင်းတွင် ခွန်းကိုယ်တိုင်ကလေးများကိုလိုက်ပို့ဖြစ်လေသည်။

အချိန်တစ်ခုထိကြာသောအခါကလေးများ၏ကျောင်းသို့ရောက်လာလေသည်။ ကလေးများကိုကျောင်းဝင်းထိပ်ထိလိုက်ပို့ပေးပြီးနှုတ်ဆက်ကာ ခွန်းအနီးနားရှိဆေးဆိုင်တစ်ဆိုင်သို့ဝင်လာခဲ့လိုက်သည်။

"ဘာဝယ်မလို့လဲရှင့်"

"ညီမ အစ်ကို့ကိုဆီးစစ်တံလေးရောင်းပေးပါလား"

"ဪ...ဒါကလေ...မိန်းကလေးတွေကိုယ်ဝန်ရှိမရှိစစ်တဲ့အရာနော်အစ်ကို..၊ ယောက်ျားလေးတွေစစ်တဲ့အရာမဟုတ်ဘူးရှင့်"

"အာ..ဟုတ်ကဲ့ အစ်ကိုသိပါတယ်။ ဟို..အစ်ကို့ရဲ့အစ်မကဝယ်ခိုင်းလိုက်လို့ပါ"

ခွန်းပြောလိုက်တော့ ထိုမိန်းကလေးသည်မယုံသလိုလေးကြည့်လာလေသည်။ ခွန်းလဲဘာမှထပ်မပြောတော့ဘဲခေါင်းသာငုံ့၍စောင့်နေလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now