အပိုင်း ၂

Start from the beginning
                                    

ဉယျာဉ်တော် အတွင်း၌

မယ်တော်ကြီး / ဉယျာဉ်တော်ထဲ လမ်းလျောက်ထွက်လာရတော့မှပဲ စိတ်သက်သာရာ ရတော့တယ်
ဟင်းးးးကြည်နူးဖို့ကောင်းလိုက်တာ

မယ်တော်ကြီး / လျန်အာ ဟိုကြာကန်နားက လူရိပ်မဟုတ်ဘူးလား!!!

ထိုအခါလျန်အာက ဆောင်မြဲဓားကိုထုတ်ကာ

လျန်အာ / ဘယ်သူလဲ မယ်တော်ကြီးရှေ့ လာ ခစားစမ်း!!!

ထိုတော့မှ ကြာကန်နားက လူရိပ်လေးက အလျင်အမြန်ပြေးလာကာ

ရှောင်ကျန့် / စိုးရွံ့ မိပါတယ်
ကျွန်တော်မျိုး မိဖုရားကြီး ဥယျာဉ်တော်အတွင်း
ရောက်ရှိနေတာကို မသိပဲ
လာရောက် ဂါရဝပြုခြင်း မရှိတာကြောင့် အပြစ်ပြုမိပါတယ်

ရှောင်ကျန့် = မြောက်ပိုင်းပြည်နယ် နယ်စားရဲ့ သားတော် ရုပ်ရေးရူပကာ တည်ငြိမ်ခံ့ညား အေးချမ်းကာ အသိဉာဏ်ပညာနဲ့ ပြည့်စုံသူ မြောက်ပိုင်းနယ်ရဲ့ သခင်လေးလို့ ကျော်ကြားနေသူ

မိဖုရားကြီး / ထပါ မျက်နှာက ကြည်လင်အေးချမ်းနေတာပဲ
ဘယ်မျိုးရိုးကလဲ ဒီဉယျာဉ်ထဲကို ဘယ်လိုကြောင့်ရောက်နေတာလဲ

ရှောင်ကျန့် / ကျွန်တော်မျိုး နာမည်က ရှောင်ကျန့်ပါ မြောက်ပိုင်းပြည်နယ် နယ်စားရဲ့ သားတော်ပါ မိဖုရားကြီး
အခုက မင်းနေပြည်တော်ကိုရောက်တုန်း ငယ်သူငယ်ချင်းဖြစ်သူ
စစ်သူကြီးမင်းကျန်းချန်ကိုလာတွေ့တာပါ သူက မင်းကြီးအဆောင်တော်ဝင်နေလို့ ဒီမှာခဏစောင့်စားနေတာပါ

မိဖုရားကြီး / အော်...မြောက်ပိုင်းပြည်နယ် နယ်စားမင်းရဲ့ သားတော်ကို
ရုပ်ရည် အလွန်ချောမောတည်တံ့တယ်လို့ ဂုဏ်သတင်းစကားကြားမိပေမဲ့
ဒီလောက်ထိလို့ မထင်ထားမိဘူး

ရှောင်ကျန့် / မြောက်ပင့်လွန်းနေပါပြီ မိဖုရားကြီး

မိဖုရားကြီး / အဟက်ဟက် ဒါနဲ့ ချစ်သူကြင်ဘက်များ တွေ့နေပြီလား ကလေး

မိဖုရားကြီးက သူ့ကို ကလေးလို့သုံးနှုန်းလိုက်တာကြောင့်
ရှောင်ကျန့်ရင်ထဲ နွေးထွေးသွားပြီး သဘောတကျ ပြုံးလိုက်မိသည်။

ရှောင်ကျန့် / အခုထိတော့ ကြင်ဘက်မရှိသေးပါဘူး မိဖုရားကြီး

မိဖုရားကြီးနဲ့သူ စကားပြောနေကြတူန်းမှာပဲ
ကျန်းချန်ရောက်လာတာကြောင့် နှစ်ဦးသား စကားစပြတ်သွားကာ
ကျန်းချန်နဲ့ သူ မိဖုရားကြီးကို ဂါရဝပြုပြီး
ဉယျာဉ်ထဲက ထွက်လာခဲ့ကြသည်။

မြို့ထဲက စားသောက်ဆောင်ရောက်တော့ သူတို့က အခန်းတစ်ခုကိုယူကာ စားစရာတွေမှာပြီး

ကျန်းချန် / မိဖုရားကြီးက ဘာတွေပြောနေတာလဲ မင်းကို
သူမရဲ့ အရယ်အပြုံးက တွေ့ရခဲတယ်
သူမကိုကြည့်ရတာမင်းကိုအတော်လေးသဘောကျနေပုံပဲ

ရှောင်ကျန့် / ဖြစ်နိုင်တယ် သူမငါ့ကိုကလေးလို့ သုံးနှုန်းလိုက်တယ်

ကျန်းချန်က သေရည်တစ်ခွက်ကိုငှဲ့သောက်ရင်း ရှောင်ကျန့်စကားကြောင့် ရယ်ချင်စိတ်ကိုထိန်းမရပဲ သောက်လက်စ ပါးစပ်ထဲက
သေရည်တွေ ဘေးကိုမှုတ်ထုတ်မိကာ

ကျန်းကျန် / ဝူးးးဟားဟားဟား ကလေးတဲ့လား

ရှောင်ကျန့်က အရှက်ပိုသွားကာ

ရှောင်ကျန့် /အဲ့တာရီစရာပါလို့လား

ကျန်းချန် / အဟမ်း ငါကနောက်လိုက်တာပါ

ရှောင်ကျန့် / စစ်သူကြီးတစ်ယောက်ဖြစ်နေပြီး တည်တည်ငြိမ်ငြိမ်နေစမ်းပါ
မင်းကို မင်းရဲ့ လက်အောက်ငယ်သားတွေက ဘယ်လိုရိုသေတော့မှာလဲ

ကျန်းချန်က မဲ့ရွဲ့ကာ

ကျန်းချန် / အချင်းချင်းမို့ပေါ့ ဒါလေးကို မင်းကိုက တည်ငြိမ်လွန်းနေတာ
ဒါနဲ့ နည်းနည်းတော့ သတိထားစေချင်တယ် အခုမင်းကြီးရဲ့ ကြင်ယာတော်နေရာကို ယောက်ျားပျိုတွေရွေးနေတယ်တဲ့

ရှောင်ကျန့် / စနောက်တာတွေ တော်တော့ ကျန်းချန်!!!

ကျန်းချန် / တကယ်ပြောနေတာပါဆို

သို့နှင့် သူငယ်ချင်းနှစ်ဦးဟာ စားရင်းသောက်ရင်း
စရင်းနောက်ရင်းပြုံးပျော်နေကြတော့သည်။
တဖက်တွင်တော့...

မိဖုရားကြီး / လျန်အာ ခုနကကောင်လေးအကြောင်း
သေသေချာချာစုံစမ်းခဲ့
ငါသူ့ကို သဘောကျတယ်
သားတော်အတွက် သူကသင့်လျော်ဆုံးပဲလို့ထင်တယ်

လျန်အာ / အမိန့်အတိုင်းပါ မိဖုရားကြီး...

အဆိပျ အဆိပ်Where stories live. Discover now