နီရဲနေသည့် စတော်ဘယ်ရီစိုက်ခင်းထဲသို့ Mahiro ဟာ ခပ်တည်တည်ဖြင့်ဝင်လာလိုက်လျှင်
" ဟိတ်.. ကောင်လေး "
Ita ကျောပေါ်သို့လက်ဖြန်လေးတစ်ခုဟာ ပုခုံးပေါ်သို့ပုတ်လာသည်။
လှည့်ကြည့်လာတဲ့သူက တအံ့တဩဖြစ်မှုမရှိ
" ဘာလဲ.. "
အဟက် ချစ်စရာလေး !
" မောင် ရောက်နေတာ သိတာလား "
" ဘာမောင်လဲ? ဘယ်ကမောင်လဲ .. အရင်က ကျွန်တော်သိပ်ချစ်ရတဲ့ ချီးပန်းပီး သေပီ "
" ဟင် " လန့်၍ xင်လေးကို လက်လေးနဲ့ပိတ်ကာ
" ဘာလဲ.. ခင်ဗျား.ဖယ်စမ်းပါ ၊ အာရုံနောက်တယ် ၊ ဒီနေရာ ထိ လိုက်နှောက်ယှက်နေတာ မရှက်ဘူးလား "
" ဖြေလေ..မောင်ရောက်နေတာသိတာလို့ "
" မသိပဲနေမလား... သူခိုးကျင့် သူခိုးကြံနဲ့ ဝင်လာပီး ၊နေစမ်းပါဦး ခင်ဗျားက ဘွားနဲ့ဘယ်လိုသိတာလဲ "
" အဲ့တာက အရေးမကြီးပါဘူး "
"...."
Ita က မျက်စောင်းထိုးကာ စတော်ဘယ်ရီသေးလေးတွေကို ဖြုတ်ခူး၍ ခြင်းတောင်းထဲ ထည့်နေလေသည်။
ပီးနောက်
"ဖြေလေ ၊ ဝင်လာတာတောင်မအံ့ဘူးဆိူတော့ မောင်မသိခင်ထဲက မောင့် ကိုကြည့်နေတယ်ပေါ့ "
" ဖယ်စမ်းပါ.. အရှေ့က "
" မဖယ်ဘူး ဆိုရင်ရော "
" မဖယ်ဘူးဆိုရင် "
Ita က ရုတ်တရက် ပြုံးစိစိနှင့် မျက်လုံးပြူးကာကြည့်လာ၍ အကြံတစ်ခုထုတ်လိုက်လျှင်
လက်ထဲ မှ ဘောက်ဖက် အကောင်လေးကို တွဲလောင်းကိုင်၍ Mahiro အား ခြောက်လန့်တော့သည်။
" အားးး.... မလုပ်နဲ့လေ.ကြောက်တယ်လို့ "
အော်၍ Yamaku San အနားသို့ ပြေးထွက်သွားလေသည်။
ဟက် ခနဲရယ်၍
အော် အရင်က လူသတ်သမားလုပ်ခဲ့တဲ့သူက ဒီဘောက်ဖက်လောက်ကို လာကြောက်နေတယ် ။
ပီးနောက် လက်နှစ်ဖက်ကို သဲတွေခါပီး
" ဘွား.. ကျွန်တော်သွားဦးမယ် "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !