မနက်အထိ ကိုကို သတိမရသေးပေ။
ထိုစဉ်
" သားငယ်... "
" ဟုတ်.. Linn San"
" သားငယ်ရဲ့ အိုမားလာတယ်ထင်တယ် ၊ သားငယ်ခေါ်ထားသေးလား "
" ဟုတ်.... ခေါ်ထားတယ် ၊ ညကဖုန်းဆက်ထားတာ "
ဟမ်..!
မေမေက အဲ့လောက်တောင်မြန်သလား ။
ပီးမှ သူသတိထားမိသည်က ဂျပန်နှင့်ကိုရီးယားအကွာ အဝေးဟာ နာရီပိုင်းမျှလေယာဉ်စီးရသည်ပေါ့ ။
" Linn San, မေမေ့လက်ထဲက အထုပ်တွေသွားဆွဲလိုက်ပါဦး "
" ဟုတ်ပီ သားငယ် "
" မမလေး... ခရီးပန်းလာရောပေါ့ ၊ လာထိုင် "
" Linn San နေကောင်းပါတယ်နော် "
Linn San က ဒိုယောင်းအဖေFuku San တို့အိမ်၌ ဒိုယောင်းငယ်စဉ်ကပင် အလုပ်လုပ်လာခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော်လေပီ
ဒိုယောင်းက Linn San လက်ပေါ်တွင်ငယ်စဉ်ကပင်ကြီးပြင်းလာတာကြောင့် မေမေ နှင့် ရင်းနှီးမှုဟာ Linn San လောက်ပင်မရှိပေ။
" ကောင်းပါတယ်..မမလေး "
" မေမေ "
" သားယောင်းလေး "
" မေမေ့ကို သတိရနေတာ "
" ဟုတ်လို့လား "
" ဟုတ်ပါတယ်မေမေရဲ့ "
" လင်တော်မောင် ရှိလာတော့ မေမေ့ကိုတောင်သတိမရတော့ဘူးထင်နေတာ "
" ဟာ မေမေ ကလည်း "
" ဒါနဲ့ မေ့မြေးရော ... "
" ကုကုလား...ရှိတယ် ရှိတယ် ခဏ "
အပျော်လွန်ပီး အခန်းထဲသို့ဝင်ပြေးပီး ကုကုအားခေါ်စေသည်။
------
မနေ့ညက ,
" မေမေ ဟယ်လို.. မေမေ ကြားလား "
" ပြောသားငယ် "
" ဟို..တိုင် တိုင်ပင်စရာလေးရှိလို့ "
" သားတိုင်ပင်ရင် မေမေကြောက်လွန်းလို့"
" မေမေကလည်း "
" ပြော လိုရင်း "
" ဟို... ကုကုလေးကိုလေ တရားဝင်မွေးစားချင်လို့ "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !