ဆိုင်ထဲသို့အရေးကြီးသုပ်ပြာနဲ့ဝင်လာတဲ့ ဤကောင်လေး အား Cashier မှ ပြောလိုက်သည့်စကားတစ်ခွန်းကြောင့် အံ့ဩစွာလှည့်ကြည့်မိသည်။
" Keita , မင်းဘာလို့နောက်ကျနေတာလဲ " တဲ့
ချက်ချင်း ကြက်သေသေရင်း မတ်တပ်ရပ်ကာ လှည့်ကြည့်ရင်းတောင့်တောင့်ကြီး ရပ်ကြည့်နေမိသည်။
" ဒီနေ့ ကျွန်တော့်မေမေနဲ့ ဖေဖေ ရဲ့နှစ်ပတ်လည်လေ ၊ အဲ့တာ ဂေဟာကကလေးတွေကို မုန့်ကျွေးနေလို့ပါ "
" ပီးရော.. အချိန်ပိုဆင်းရမယ်နော် ita "
" ဟုတ်ကဲ့ပါဗျ "
ပီးနောက် Mahiro က Yamaku San ဘက်အားလှည့်၍ စကားတစ်ခွန်းဆိုလာသည်။
" ဟိတ်ကောင် "
" ဗျာ Boss "
" ငါ ဒီဆိုင်ကိုဝယ်မယ် "
" အမလေး သူဌေးရယ် ဗိုက်ဆာလို့ လွတ်သွားတာလား ၊ မဖြစ်နိုင်တာ "
" ဟိတ်ကောင် အလုပ်ပြုတ်ချင်လား "
" ဗျာ "
" ငါအတည်ပြောနေတာကွ "
" ဘာလို့လဲ ... အခုလည်းသူ့ဟာသူဒီဆိုင်နဲ့ ဒီနေရာလေးကအဆင်ပြေနေတာပဲကိူ "
"နေတော့ကွာ , ငါ့ဘာ့ငါပဲ စုံစမ်းတော့မယ် "
ထိုစဉ်ကောင်လေးတစ်ယောက်ကကော်ဖဌနဲ့မုန့်ကို လာချပေးသည်။
ထိုကောင်လေးလက်အားဆွဲ၍
" ချာတိတ်.."
" ခင်ဗျာ "
" မင်း ဒီမှာ အလုပ်ဝင်နေတာကြာပီလား "
" ဟုတ် ဟုတ်ကဲ့ "
" ဒါဆို Terazono Keita ကိုသိမှာပေါ့နော် "
" ဟုတ်...သိ သိပါတယ် "
" သွားခေါ် "
" ဗျာ "
" ဘာလဲ.. မင်းသေချင်နေတာလား ၊ Customer ကိုဆက်ဆံတဲ့ ပုံက ဒါကလား "
" ဗျာ ... လူကြီးမင်းဘက်က အရင်စရိုင်းတာလားလို့ "
" ငါဘာကောင်လဲ မင်းမသိသေးဘူးထင်တယ် "
" ဟင့်အင်း မသိဘူး ၊ သိလဲ မသိချင်ဘူး
လူကြီးမင်းခင်ဗျ ၊ အေးဆေးသုံးဆောင်ပီးရင်ပြန်ပါဗျ "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !