" အကို့ ကို ကျွန်တော်ချစ်တယ် "
တင်းကြပ်နေအောင် ဖက်ထားပီးနောက် လွှတ်ပေးလိုက်ရင်း မျက်နှာလေးကိုဆွဲယူကာ ထပ်မှန်နမ်းရှိုက်မိလေသည်။
" ကိုကို့ နှုတ်ခမ်းက ချိုတယ် "
" ချာတိတ်.. ကိုယ့်ကို ရူးအောင်လို့ကွာ "
" ကိုကိုက ကျွန်တော့်အပိုင် "
ယိုရှီက နှုတ်ခမ်းလေးတွန့်ချိုးက ပြုံး၍
Uni life တုန်းက ကိုကိုလို့ခေါ်တဲ့အသံလေးကို ထပ်မံကြားရတာကြောင့် ရင်ခုန်သံတွေဟာ အတားအဆီးကင်းမဲ့စွာနဲ့ ပေါက်ကွဲထွက်လာသည့်အလား
ယိုရှီရဲ့ မျက်ဝန်းတွေဟာ... ရုတ်တရက် ဒိုယောင်းရဲ့လည်ပင်းသို့ ရောက်သွားလေသည်။
သူပေးထားသည့် ဆွဲကြိုးလေးနဲ့ လည်တိုင်ဟာ အရမ်းကို sexy ကျလွန်းနေပြန်တော့ အသဲယားမိသည်။
" ကင် ဒိုယောင်း "
" အင်း "
ဒိုယောင်းက ယိုရီသူ့လည်တိုင်ကိုကြည့်နေတာကိုသိ၍ ရှက်မိတာကြောင့် မျက်နှာကို လွှဲထားလေသည်။
" ချာတိတ်.."
" ဗျာ "
" မင်း သိပ်လှတယ် "
မျက်နှာလေးဟာ နီမြန်းသွား၏ ။
အလုပ်ခန်းရဲ့ မီးရောင်ဟာ အနဲငယ် မဟော်ဂနီရောင်ဆန်နေတာကြောင့် အလင်း သိပ်မများသည့် အလုပ်ခန်းထဲတွင် ကြည်နူးနေကြသည့် ထိုစုံတွဲ ။
လှတယ်လို့ ပြောခံလိုက်ရသည့် ဒိုယောင်းရဲ့ မေးစေ့လေးအား လက်ဖျားလေးနဲ့ပြန်ဆွဲယူလိုက်ပီး
နှုတ်ခေါင်းထိပ်လေးချင်းပွတ်တိုက်ကာ ကျီစယ်လေသည်။
ပီးနောက် နှုတ်ခမ်းလေးကို အနဲငယ်ဖိကိုက်လိုက်လျှင်
" အ.. ခင်ဗျား "
" အသဲယားလို့ပါကွာ "
" ဖယ်တော့.. ကုကုလေးဆီသွားရဦးမယ် "
" ခဏလေးပါကွာ "
" သူနိုးရင် သောက်ဖို့ နို့သွားဖျော်ရဦးမယ် "
" ကိုယ့်ကိုရော မတိုက်တော့ဘူးလား "
" ဘာ.. "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !