ရွက်ဟောင်းတွေလို့ ရွက်သစ်တွေဝေနေတဲ့ ခြံဝန်းထဲက ဆာကူရာသစ်ပင်ကြီး သည် လေပြေညှင်းညှင်းတိုက်ခက်မှုကြောင့် ညာဘက်သို့ယိမ်းနွဲနေလေသည်။
တစ်ရက်ပီးတစ်ရက် လတွေ အလီလီကုန်ဆုံးပီးနောက် ခြောက်ကပ်လှသည့် စံအိမ်ကြီး တွင် ခလေးငိုသံလေးရှိလာသည်။
" အူဝဲ .... အူဝဲ "
သုံးလသာရှိသည့်ခလေးငယ်လေးအား ရင်ဝယ်ပိုက်ကာ ချော့မြှူ၍ နို့ဗူးလေးကို နှုတ်ခမ်းပါးသေးသေးလေးသို့တေ့ပေးလေသည်။
သခင်မကြီး လောကကြီးက ထွက်သွားတာ သုံးလပြည့်သည့်နေ့ သည် ကုကုလေးရဲ့ ရက်၁၀၀ပြည့်နေ့ဖြစ်လေသည်။
" သားငယ်.. ဒိုယောင်းရေ ,"
" ဗျာ ... Linn San"
" ကုကုလေး ကငိုလှချည်လား "
" သားအထင်... မေမေများရောက်လာသလားမသိဘူး ၊ တစ်နေ့လုံး ငိုပဲငိုနေတာ မျက်နှာကြပ်ကြည့်ကြည့်ပီး "
" အင်း.. ဖြစ်နိုင်တာပဲလေ သားငယ်ရယ် "
ပြောလဲ ပြောရင်း ဒိုယောင်းရဲ့ မျက်ဝန်းထဲ မျက်ရည်တွေပြည့်နက်လို့လာသည်။
ထိုနေ့ က
မီးဖွားသည့်နေ့က မေမေက ကုကုလေးကို မွေးပီးပီးချင်း သွေးပေါင်တွေ ထိုးကျသည်။
Oxygen လဲ ထိုးချသည်။
သို့သော် သွေးပေးဖို့ ကိုယ်တိုင်လဲ သွေးစစ်လိုက်တဲ့အခါ လှူလို့ရတယ်ပြောလို့ ပြေးခါမှ
မေမေ ဆုံးပီတဲ့လေ ၊ ဟုတ်တယ် မေမေမီးတွင်းထဲမှာတင်ဆုံးသွားတာ ၊ ခြေတစ်လှမ်းသာ စောသွားခဲ့ရင်....
မမွေးခင်တစ်ရက်က ခွဲမွေးဖို့ အတန်တန်တိုက်တွန်းခဲ့သော်ငြားလဲ ရိုးရိုးမွေးချင်တယ်လို့သာ တဂျီဂျီပြောသည်။
မေမေက အရမ်းခေါင်းမာတာ ၊ သူ့ OG ကလည်း အမြဲပြောတယ် သို့သော်မရ ။
အခုတော့ ဆုံးတဲ့နေ့က မေမေ့မျက်နှာလေးဟာ ဝင်းပပီး ပြုံးကာ လောကကြီးက ထွက်သွားခဲ့လေသည် ။
ကျွန်တော် ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပါ့မယ် ... မေမေ !

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !