ယိုရှီရဲ့ မျက်နှာလေးဟာ ဒိုယောင်းရဲ့ ပုခုံးပေါ်သို့ပင်အပ်ကာ တိုးလျှသည့် လေသံလေးဖြင့်ဆိုလိုက်သည်။
"ကိုယ်တို့ အစကနေ ပြန်ချစ်ကြည့်ကြမလား " တဲ့ !
ခဏတာမျှတိတ်ဆိပ်သွား၍ ယိုရှီဦးခေါင်းလေးအားပုခုံးလေး တွန့်ကာဖယ်လိုက်လေသည်။
ထိုနောက် လေးနက်စွာပြောလာသည့်အသံတစ်ခု
" ကျွန်တော် အကို့ကို မယုံရဲသေးဘူး "
ကျွန်တော် တဲ့လား ? အကိုတဲ့ လား ?
ကိုယ့်ကို ရူးအောင်လို့ .... ကွာ !
အခေါ် အဝေါ်တွေ ကြောင့် ဝုန်းဒိုင်းကြဲသွားသည့် ဒီနှလုံးသား ။
" ကျွန်တော့ဘက်ကလည်း အကို့အဖေအတွက် တောင်းပန်ချင်တယ် ၊ မမ အတွက်လဲ ရူးမိုက်စွာ စွတ်စွဲမိတာရောပေါ့ ၊ ဒါကြောင့်
အကို့အဖေရဲ အသက် ကြွေး အတွက် ကျွန်တော့် အသက်ကို အကို့ဆီ ပေါင်နှံထားပါ့မယ် "
" ဘယ်လို "
" ဟုတ်တယ်...ယူပါ ၊ ကျွန်တော့ အသက်ကို အကို့ဆီ အပိုင်ပေးပါတယ် "
ကျွန်တော်တို့ မိသားစုကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ခင်ဗျား ၊ ရောဂါကို အန်တုရင်း အန္တရာယ်တွေကို ရင်ဆိုင်နေရတဲ့ ခင်ဗျား ၊
ကျွန်တော့ကို ချစ်ရက်နဲ့ ရဲရင်ချင်ယောင်ဆောင်ပီး ပိတ်ထားတဲ့ ခင်ဗျားရဲ့ နှလုံးသားတံခါး ၊
ကျွန်တော်ကိုယ်တိုင် သော့အပိုတစ်ချောင်းနဲ့ ဖွင့်ပေးမယ် ၊ထို သော့အပိုတစ်ချောင်းဟာ ကျွန်တော့ရဲ့ နှုတ်ခမ်းတစ်စုံပဲ ဖြစ်တယ် ။
" ရော့ ... ရှေ့ကိုတိုးလာခဲ့ "
"...."
ပေကပ်နေသည့် အကောင်ပေါက်လေးက အရှေ့မတိုးလာတော့ ကျွန်တော်ကပဲ အရှုံးပေးရပြန်သည်။
ယိုရှီတစ်ယောက်သူ့လက်ထဲကဆွဲကြိုးလေးကို ဒိုယောင်း၏ လည်တိုင်လှလှလေးဆီသို့ ပြန်ဆွဲပေးလိုက်လေသည်။
ပီးနောက် ပုခုံးလေးကိုကိုင်ရင်း ကြည်ပြာရွှန်းလဲ့လှသည့် မျက်ဝန်းလေးတွေဟာ အကြည့်ချင်ဆုံလျှက်

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !