မနေ့ညက .......
" သားနိုရီ မေမေ ဝင်လာမယ်နော် "
" ဟုတ်... "
" သားရယ်.. သား အိမ်သူကိုဘာလို့ အဲ့လိုရက်ရက်စက်စက်ပြုမူရသလဲ .. ကြည့်စမ်းမေမေ့ကို "
ကုတင်ပေါ် ခြေထောက်တွဲလောင်းချကာ မျက်မှာကို ပြတင်းပေါက်ဘက်သိူ့မူထားသည့်ယိုရှီပင်
အမေဖြစ်သူက သားနိုရီရဲ့ မေးစေ့လေးအား ကိုင်ကာ သူ့ဘက်သို့ မျက်နှာမူလိုက်လျှင်
" မေမေ "
မျက်ရည်တွေဝဲကာ မအေ ဖြစ်သူရဲ့ ခါးအား ကျစ်ကျစ်ပါအောင်ဖက်ထား၍ ငိုပွဲဝင်တော့သည်
" ကျွန်တော်မှားသွားပီထင်တယ်... သူကျွန်တော့ကိုမုန်းနေလောက်ပီ "
" မင်းဒေါသကို ထိန်းခဲ့သင့်တယ် ၊ အခု လူသတ်မှူတောင်ဖြစ်တော့မလို့မလား ၊မင်းသိပ်ကိုဆင်ခြင်တုံတရားမဲ့လွန်းအားကြီးတယ် နိုရီ "
" မေမေ...သူကဘယ်သူလဲ သိလား "
" ဘာကိုဆိုလိုတာလဲ သား "
" သူ..သူက "
ကျွန်တော်ဘယ်လို ပြောထွက်မလဲ မေမေရာ
ဒိုယောင်းက မေမေသိပ်ချစ်ရတဲ့ ခင်ပွန်းကို သတ်ခဲ့တဲ့ သားဆိုတာ ၊ ဘယ်လိုလုပ် ပြောထွက်ပါ့မလဲ
ခဏတာ ငြိမ်သက်ပီး တွေးနေခိုက်
မေမေက ရုပ်တရက် ပုခုံးကိုလှုပ်လိုက်သည်။
" ဟဲ့..သား "
ထိုအခါမှ အသိစိတ်ပြန်ဝင်ကာ
" ဗျာ.. မေ .မေမေ "
" ပြောလေ သားရဲ့ သားမျက်ဝန်းတွေကိုကြည့်တာနဲ့မေမေ့ကိုပြောစရာတွေ အများကြီးရှိနေတယ် ၊ ဟုတ်တယ်မလား ? "
" မေမေ "
" အင်း... သားနိုရီ "
" ဗိုက်ထဲက ခလေးလေး အသံကြားချင်တယ် "
ထိုသို့ပြောလာတော့ မေမေက ဟက်ဟက်ပတ်ပတ်ရီကာ
" သားရယ်.. အခုမှ သုံးပတ်ပဲရှိသေးတာကို "
" ဟွန့်... မေမေ့ရင်ခွင်က အနွေးထွေးဆုံးပဲ ၊ နောက်ပိုင်းကျရင် အငယ်လေးကြောင့် ကျွန်တော့်နေရာ မေမေ့ရင်ခွင်ထဲရှိပါဦးမလား "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !