စံအိမ်ကြီးတစ်အိမ်ရဲ့ အခန်းငယ်လေးတစ်ခုတွင်
ရန်ဖြစ်သံတစ်ခုက ဟိန်းထွက်လို့လာခဲ့ပြီး ဖန်ခွက် ခွဲသံတွေဟာလဲ အပြင်ဘက်သို့ ပျံ့နှံလို့လာခဲ့သည်။" ခွမ်း...."
" မင်းတော်လိုက်တော့ Mahiro"
Ita ရဲ့ ပါးဇောင်းကို လက်ဖြင့် တင်းကြပ်စွာညှစ်ထား၍ ဒေါသသံဖြင့် ဆိုလာသည်။
" ခင်ဗျား ပါးစပ်က်ုပိတ်ထား ၊ ဘာလဲ ? ခင်ဗျားက ခင်ဗျား သူငယ်ချင်းကို ထိတော့နာတာလား "
" ငါသာ သူငယ်ချင်းဘက်က နာရင် အဲ့နေရာမှာတင် သူမင်းကိုသတ်တာ လက်ပိုက်ကြည့် နေမိမှာ အသေချာပဲ "
" မယုံဘူး... ဟားဟားဟား "
အသံနက်ကြီးဖြင့် ထရီသူ၏ မျက်နှာမှာ နာကျင်မှုနဲ့ထပ်တူ ကြောက်စရာကောင်းလှသည့် ဟန်အမူအရာနှင့်ပင် ita အား လှောင်ပြောင်သည်။
" တော်တော့ Mahiro"
" ခွမ်းး...ခွမ်း "
Mahiro ကြောင့် အခန်းထဲက ရှေးဟောင်းပစ္စည်းတွေနဲ့ လှပသည့် ဖန်ထည်ပစ္စည်းတွေလဲ ကုန်လုနီးပါးဖြစ်နေလေပြီ။
" ငါ.. သွားသတ်ပစ်မယ် ၊ အဲ့ကောင်ကို "
" တော်တော့ လို့ ပြောနေတယ် "
" သူက မင်းလင်လား ၊ မင်းလင်မို့လို့နာနေတာလား ၊ လင်ငယ်လုပ်လိုက်လေ အဲ့တာဆို "
" မင်းစကားတွေလွန်နေပီ ၊ ငါ့ကိုမစော်ကားနဲ့ ."
" ဖြောင်း.."
Ita ရဲ့လက်ဖဝါးနုနုလေးနဲ့ Mahiro အား ရိုက်ချလိုက်လျှင်
" မင်း..မင်း "
" ငါ မင်းကို ချစ်ခဲ့မိတာ မှားတာပဲ ၊ မင်း ဒီအလုပ်တွေဆက်မလုပ်ဖို့ ၊ မကောက်ကျစ်ဖို့ငါအတန်တန်တားတယ် "
" အဲ့ဒါက ငါ့အပိုင်းပါ "
" ငါ့အချစ်ကို မင်း မယုံကြည်ခဲ့ဘူး "
" ငါမင်းကိုပြောခဲ့ပြီးသားပဲ ၊ ငါမချစ်တတ်ဘူး ita , ပီးတော့ အချစ်ဆိုတာ ဘာမှန်းမသိသလိူ ၊ ဘယ်လိုချစ်ရမယ်မှန်းငါမသိဘူး "
" ဒါဆို ကင်ဒိုယောင်းအနားကို ကျတော့အမြဲတမ်း သွားပီး လိုလေသေးမရှိ လုပ်ပေးခဲ့တာကျတော့ရော "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !