" ဗျာ..... ကိုယ် . ကိုယ်ဝန် !
မ မဖြစ်နိုင်တာ ၊ မေမေက အသက် ၄၄ လေ ဘယ်လိုလုပ်ပီး ကိုယ်ဝန်က !
" လူကလေး.. စိတ်ထိန်းပါ ၊ မင်းအမေက အသက်ကြီးတာ မှန်တယ် ၊ ဒါပေမဲ့ ရာသီစက်ဝန်းကလည်ပတ်နေတုန်းမလား "
" ဒါပေမဲ့လည်း ... အဲ့လူ သွေးသား ၊ သတ်မယ် သတ်ပစ်မယ် ! အားးးးးးးး "
" Doctor "
" ပြော လူကလေး "
" မေမေ က မွေးလို့ရော အဆင်ပြေပါ့လား "
" အသက်ကြီးတော့ နည်းနည်းခက်ခဲမယ် ၊ မွေးတာမမွေးတာတော့ လူနာ သတိပြန်ရတဲ့အခါမှာတိုင်ပင်ပေါ့ကွာ .."
" ဟုတ် ဟုတ်ကဲ့ Doctor "
ယိုရှီတစ်ယောက် ဘာဆက်ပြောရမှန်းမသိ ကုတင်ဘေးက ခုံတွင် ငိုင်ပီးသာ ထိုင်နေမိသည်။
ဖျက်ချပစ်ရမယ် ၊ မေမေ ဒီကလေးကိုမမွေးရဘူး
မုန်းတယ် ၊ ဘာလို့လဲ ဘာလို့အမြဲငါတို့မိသားစုလဲ ၊ ရက်စက်လိုက်ကြတာ လောကကြီးရာ ။
လောဂဓံရဲ့ ရိုက်ချက်က ပြင်းထန်လိုက်လေခြင်း
မျက်နှာကို ငုံ့ကာ လက်နှစ်ဖက်ထောက်၍ တွေးတောနေတုန်း
" သား သားလေး "
" မေမေ...မေမေ သတိရလာပီလား "
" အင်း သားလေး "
မေမေက အသံတွေတုန်ရီကာ ငိုလျှက် ယိုရှိ့ရဲ့ပါးပြင်လေးကို ပွတ်သပ်နေမိသည်။ ထိုလက်အား ယိုရှီက နွေးထွေးစွာဆုတ်ကိုင်ထားလျှက်
" မေမေ... ဟိုလူရော "
မေမေက ပါးစပ်ကဘာမှ ပြောမထွက်ပဲ ငိုပဲငိုနေတော့သည်။
" မေမေ စိတ်သက်သာမှ ပြောပါတော့ ၊ သားမေမေ ငိုနေတာမကြည့်ရက်ဘူး "
" ဟို... အမေ့အတွင်းပစ္စည်း ရတနာတွေနဲ့ အိမ်ဂရမ် ၊ သား ဖေဖေရဲ့ စာချုပ်မှန်သမျှယူပီး ထွက်ပြေးသွားပီ သား "
" ဒါ.. ဒါဆို မေမေ့မှာ မပေါ့မပါးကြီးနဲ့ကို အဲ့လူက မသိတာလား "
" ဘာ... မပေါ့မပါး .. သား သားပါက်ုဆိုလိုတာလဲ "
" ဟုတ်တယ် မေမေ့ဗိုက်ထဲမှာ ဟိုလူ့သွေးသားရောက်နေပီ တောက် ! "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !