မှောင်မဲလှသည့် ဂိုထောင်အကျယ်ကြီးတွက် ကြိုးတုတ်ခံထားရသည့် Mahiro နှင် ဒိုယောင်း ဖခင်ဖြစ်သူ FURUKAMI SAN တို့ဖြစ်သည်။
ပါးစပ်တွေကို တိတ်နဲ့ ပိတ်ထားလျှက် လက်တွေကိုခုံနောက် ၊ အနောက်ပြန် တုတ်ထားလေသည်။
နှစ်ယောက်စလုံးရဲ့ ကိုယ်လုံးဟာ တစ်ကိုယ်လုံးရေတွေလောင်းချခံထားရသည့်ပုံ ရွှဲစိုလို့နေသည်။
မျက်လုံးတွေအား ပဝါနဲ့ကျစ်ကျစ်ပါအောင်စည်းထားတာကြောင့် အသက်ရှူဖို့နှာခေါင်းတစ်နေရာစာသာလွတ်နေသည်။
" Mahiro Kun ဘယ်သွားလဲ.. " ဆိုသည့်စကားအား အိမ်တော်ရဲ့ အထိန်းဖြစ်သူဆီသို့မေးလိုက်လေသည့် ita ပင် ။
" မနေ့ထဲက ကိစ္စလေးရှ်ိလို့ အပြင်ထွက်သွားမယ်ပြောပီး ၊ အခုပျောက်နေပါတယ် ၊ GPS နဲ့လိုက်တာလည်းမရပါဘူး "
" ဟမ်... ဘယ်လို့လဲ "
" အဲ့တာတော့ ကျွန်တော်တို့လည်းစုံစမ်းနေတုန်းပါပဲ "
" အေးဆေးစုံစမ်းနေရအောင် ၊ မင်းတို့ Boss က အခုသေနေပီဆိုဘယ်လိုလုပ်မလဲ "
Ita က ရော အနေနီးတဲ့ သူ့ရဲ့လူကြီးနဲ့ တစ်စိမ်တစ်ဝမ်းထဲလားများလား ?
BMW ကား အမဲရောင်တစ်စင်း ဂိုထောင်ရှေ့အားရုပ်တရက်ရပ်လိုက်ပြီး Suit အပြည့်ဖြင့် ဆင်းလာသူတစ်ဦး ထိုသူဟာ....ယိုရှီနိုရီ ပင် ။
အပေါက်ဝက လူတွေအား တစ်ချက်မေးလိုက်၍
" အစာကျွေးထားလား "
" Boss ပြောထားတဲ့အတိုင်းပါပဲ "
" အေး ကောင်းတယ် "
" ဟုတ် "
" Acid... အဆင်သင့်လုပ်ထား "
" Hai "
Mahiro Kun နဲ့ FURU San ဟာ ယိုရှီနိုရီရောက်လာတာကြောင့် နားရွက်တစ်လှုပ်လှုပ်နဲ့ နားစွင့်သည်။
နားထဲတွင်တရွှက်ရွှက်နဲ့အသံကိုလဲ ကြားနေရသည်။
ဟုတ်ပါသည်။ ယိုရှီနိုရီတစ်ယောက် ကြာပွတ်ကို ယမ်း၍ လက်တစ်ဖက်က အိတ်ထောင်ထဲထည့်ကာ ရှေ့သို့တစ်လှမ်းချင်း လျှောက်လာသည်။

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !