" အာ ... တောင်းပန်ပါတယ်ဗျ ဝင်ပါဗျ "
တည်တံ့က ရပ်နေရာကနေ စိတ်ပျက်လက်ပျက်နဲ့ အပြင်သို့ထွက်သွားပြီး လေကောင်းလေသန့်သွားရှူမိတယ် သက်ပြင်းကိုဖြည်းဖြည်းချင်းချပြီး ခါးနှစ်ဖက်ကိုလည်း
ထောက်ထားကာ မျက်လုံးနှစ်ဖက်ကိုစုံမှိတ်
ထားလိုက်တယ်
" အာ့ "
ထိုအချိန် အထဲကနေလာတဲ့အသံကြောင့် တည်တံ့ ပြေးဝင်လာခဲ့သည်။
" ညီ ဘာဖြစ်တာလဲ "
" လက်အပူလောင်သွားလို့ "
" ခဏ အစ်ကိုလာခဲ့မယ် "
ခရောင်ကိုမီးဖိုချောင်ထဲသို့ခေါ်ယူသွား၍
ငံပြာရည်ဘူးကိုဖွင့်ကာ ဘေစင်တွင်အပူလောင်သွားသည့်လက်တစ်ဖက်ပေါ် လောင်းချလိုက်သည်
" စပ်တယ် "
လက်ကမတရား စပ်နေတာဖြစ်ပြီး ရေဆေးပြီးလျှင် ခရောင်လက်ကိုချက်ချင်းပတ်တီးစီးပေး
လိုက်တယ်
" စပ်နေသေးလား "
" စပ်တော့စပ်တယ် ဒါမယ့်ရတယ် "
" ဘယ်လိုတောင် ပေါ့တိပေါ့ဆနိုင်ရတာတုန်း"
" ရေနွေးထည့်ရင်း အာရုံများသွားပြီးဖြစ်သွား
တာပါ "
ဒီလိုကျတော့လည်း ကျွန်တော်အပြစ်မတင်ရက်။ တောင်းပန်ပါတယ်ညီ အပြစ်မရှိတဲ့ညီ့ကို အော်ခဲ့မိလို့
" အစ်ကို တောင်းပန်ပါတယ် "
" မဟုတ်တာ ရပါတယ် "
" အစ်ကိုအော်ခဲ့မိတယ် အစ်ကိုမရည်ရွယ်ခဲ့
ပါဘူး "
" ရပါတယ် တောင်းပန်စရာမှမလိုတာ "
" ဒါပေမယ့် အစ်ကို့မှာအပြစ်ရှိတယ် အစ်ကို
တောင်းပန်ပါတယ် အစ်ကိုစိတ်နည်းနည်းပင်ပန်းနေလို့ပါ "
" ဒီနေ့ဆိုင်စောစော ပိတ်ချင်လား ၊ အပြည့်အဝ
အနားယူလိုက်ပါလားဟင် "
" အင်း အဲ့လိုပဲလုပ်လိုက်ကြမယ် "
နေ့လည် ၂နာရီလောက်ကျတော့ ဆိုင်ကိုစောစောသိမ်းလိုက်ကာ ခရောင်က တည်တံ့ကို
အိပ်ရေးဝဝအိပ်ဖို့သတိပေးလိုက်ပြီးမှအိမ်သို့
ပြန်သွားခဲ့တယ်။ အိမ်အပြန်လမ်းမှာအရင်က
လောက်မပျော်ရွှင်ဘဲ ကိုဉာဏ့်အကြောင်း
တွေးမိရင်း လျှောက်လာနေတုန်း အနောက်က
နေလူတစ်ယောက်က သိုင်းဖက်လိုက်တယ်
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 9 )
Start from the beginning
