တိတ်ဆိပ်လှတဲ့အခန်းကျယ်ကြီးနှင့် အိစက်နေတဲ့ကုတင်ကျယ်ကြီးပေါ်တွင် ပုဇွန်ထုပ်လေးပမာကွေးကွေလေးအိပ်နေသူ ita ပင် ။
မင်းက ကိုယ့်နှလုံးသားကို အရင်လာရှုပ်တယ်ပေါ့
မင်းသိလား ကောင်လေး ၊ မင်းထင်သလို
ကင်ဒိုယောင်းကို ငါက ချစ်နေတယ်ထင်နေသလား ? ငါ့မှာ လုပ်စရာတွေရှိသေးသလိုငါဘယ်သူဆိုတာသိရင် မင်းငါ့ကိုချစ်ရဲမှာတောင်မဟုတ်တော့ဘူး ၊
ငါက ငယ်ငယ်ထဲက အချစ်မခံခဲ့ရတော့ လူတစ်ယောက်ကိုဘယ်လိုချစ်ရမှန်းငါမသိဘူး ကောင်လေး ။
ဖြစ်နိုင်ရင် မင်းလိုဖြူစင်တဲ့သူက ငါ့လို မှောင်မဲစရိုက်ဆန်စွာကြမ်းတမ်းတဲ့သူဆီ မျက်စိလည်လမ်းမှားပီးတောင်ရောက်မလာသင့်ဘူး ကလေးငယ် ။
အိပ်နေသူ ita ၏ ခေါင်းလေးအား ဖွဖွလေး ကိုင်၍ မျက်နှာလေးအားကြည့်နေမိသည်။
ချာတိတ်ငယ်.. ငါမင်းအချစ်ဆုံးသူငယ်ချင်းနဲ့ စီးချင်းထိုးတဲ့ အခါကျရင် မင်းဘယ်သူဘက်ပါမှာလဲ ၊ သေချာပေါက်မင်း သူငယ်ချင်းပဲဖြစ်မှာပါ ။
ငါ ဟာ မကောင်းတဲ့ ဒုစရိုက်ကောင်မို့ ငါရင်ဘတ်ထဲ ခြေလှမ်းတွေရှေ့ဆက်မတိုးမိပါစေနဲ့ ။
မင်းအတွက် ကောင်းနိုင်တာ တစ်ခုမှ မရှိတာမို့။
" အင်း ဟင့်.... "
အပျင်းကြောဆန့်ရင်းနိုးလာသူက မျက်နှာကြက်တွေကြည့်ပီး ကြောင်အ နေမိသည်။
" ဟင်... ငါ ငါဘယ်နေရာရောက်နေတာလဲ "
ထိုစဉ်
အသံနက်ကြီး ထွက်ပေါ်လာပြန်သည်။
" ဘယ်ရောက်နေတယ်ထင်သလဲ ? "
အသံရှိရာသို့လှည့်မကြည့်ရဲပဲ တုန်ရီနေသည်ပေါ့ ။
" အမ်.. ဒါ ဒါ ကိုကို့အသံ ? ဘယ်ကနေ ဘယ်လို "
" အ.... "
Mahiro က ita လက်ကိုဆောင့်ဆွဲပီး သူ့ဘက်လှည့်စေသည်။
" နောက်တစ်ခါ ... မင်းအမှောက်မသောက်နဲ့ "
" ဖယ်စမ်းပါ...လွှတ် ၊ ပြန်မလို့ "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !