ယိုရှီနိုရီ တစ်ယောက် အိပ်ရာထဲတွင်သာခွေခေါက်နေမိလေသသည်။
တစ်ကိုယ်လုံးနုံးချိပီး မလှုပ်နိုင်သည်အထိကို မျက်နှာက ဖြူဖက်နေသည်။
ညနေစောင်းသည် အထိ ဒိုယောင်းဟာပြန်မလာသေးပေ။
ဆေးသောက်ရန် အစားအသောက်ဟာလဲ အဆင်သင့်မရှိတာကြောင့် ထွက်ဝယ်ဖို့ ကြိုစစားကာ အိပ်ရာမှ မနဲ ကုန်းထလေသည်။
အဆောင် အပေါက်ဝရှေ့ရောက်တော့မထင်မှတ်ထားသည့်မြင်ကွင်းက သူ့အတွက်က်ု အကျည်းတန်လွန်းသည်။
Mahiro နဲ့ ပြုံးပျော်ပီး ကားပေါ်ကဆင်းလာတဉ့ ဒိုယောင်းကိုတွေ့လေသည်။ တစ်ပြိုင်နက်ထဲမှာပဲ ယိုရှီက မသိချင်ယောင်ဆောင်၍ ထွက်သွားမည်လုပ်တုန်း
" Yoshi hyung...Yoshi hyung"
ဘာလဲ ဆိုသည့် အမူအရာဖြင့် မေးစပ်ပြလေသည်။
" ဘယ်သွားမလို့လဲ.. လိုက်ခဲ့မယ်လေ ၊ သက်ရောသက်သာရဲ့လား ၊ ဆေးရောသောက်ပီးပီလား "
" အဟက်.. မေးစရာတွေများလှချည်လား ၊ ငါဘယ်ဟာအရင် စဖြေရမလဲ ချာတိတ် "
" အခုဘယ်သွားမှာလဲ ၊ ကျွန်တော်လိုက်ခဲ့မယ် "
" အင်း...သဘော "
ယိုရှီတစ်ယောက် မုန့်တွေ ဟိုရွေးဒီရွေးနဲ့ လုပ်နေတုန်း
" ချာတိတ်.. မင်းဘာစားဦးမလဲ "
" ဟင့်အင်း.. နေပါစေ ၊ ခင်ဗျားအတွက်ပဲ ခင်ဗျားဝယ် ၊ ကျွန်တော်အခုပဲ အပြင်က Mahiro Kun နဲ့ စားခဲ့တယ် "
မုန့်ရွေးရင်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။
ဆေးလိပ်တန်းဘက်သို့ရောက်ပီး တစ်ဗူးကောက်ဆွဲလိုက်လေသည်။
ထို့နောက် နှစ်ယောက်သား အပြန်လမ်းတွက်တိတ်ဆိပ်ကာ ပုခုံးချင်းတစ်ချက်တစ်ချက် ယှက်နွယ်လို့ တိုက်မည့်ဟန်ဖြင့်
" ရော့.. "
ရုတ်တရက် ဒိုယောင်းလက်ထဲရောက်လာတဲ့ ပန်းရောက်ဗူးလေးတစ်ခု
စတော်ဘယ်ရီ နို့ဗူးလေး !
" ကျွန်တော် ဒါကြိုက်မှန်း ဘယ်လိုသိလဲ "

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !