Episode 3

230 26 4
                                    

မူးမူးနဲ့ အိပ်နေတဲ့ ယိုရှီ့ဆီသို့ ကင်ဒိုယောင်းတစ်ယောက် သူ့ကုတင်ပေါ်ကနေလှမ်းကြည့်နေမိသည်။

လျှောလျှောရူရူ အိပ်သွားမှပဲ ၊ မဟုတ်ရင် အန်ဖက်ကြုံးရမည့်ကိန်းမြင်ယောင်နေမိသည်။

ကျောင်းတက်တာ တစ်လကြာမြင့်သွားသော်လည်း ကင်ဒိုယောင်းတစ်ယောက် Mahiro နဲ့ဖြတ်သန်းသွားလာနေဆဲပင် ။

တစ်နေ့ Mahiro တို့အပိုင် Club ကိုလာသည့် Ita ,

Bartender တွက် ကော့တေးသောက် ၍ ထိုင်နေလေသည်။

ထိုင်နေတုန်း  Ita အား ခပ်လန်းလန်းကောင်လေးတစ်ယောက်က ရိသဲသဲ့ လာလုပ်နေလျှင်

" ဟိတ်ကောင်လေး.."

ဘုကြည့်ကြည့်လိုက်ရင်း

" မင်း ကိုယ်နဲ့ တွဲကချင်လား "

" ဟင့်အင်း... ကိုယ့်လမ်းကိုသွားပါဗျ "

" ဘာကွ .. မင်းက ငါ့က်ု ဘာကောင်မို့ ငြင်းရဲရတာလဲ "

Ita ဟာ ဆွဲကိုင် ခံထားရသည့်လက်အား အတင်းရုန်းလိုက်ပီး ဆောင့်တွန်းလိုက်လေသည်။

" မင်း... ခွက် "

" ခွက် ... ခွက် "

အထိုးခံနေရသည့် Ita လုံးဝမလှုပ်နိုင်တော့တဲ့အချိန် ita ထံနောက်ထပ်ရောက်လာတော့မည်လက်သီးအား လူတစ်ယောက်ဆီက ဆွဲစုပ်၍ တန်ပြန်သက်ရောက်ခြင်စခံလိုက်ရသည်။

" မင်း..ဘာကောင်လဲ ၊ ငါမသိဘူး ထင်နေလား ၊ ထွက်သွားအခု ၊ ငါ့ Customer ကို ရောင်လို့တောင်လာမထိနဲ့ "

" မင်းက သူနဲ့ဘာတော်လို့ ဝင်နာနေတာလဲ ၊ ဟျောင့် Bar ကိုလာတဲ့ ကောင်တိုင်း အသားစားကျားလာရှာကြတာချည်းပဲကွ ၊ ဘယ်သူမှဖြူစင်မနေဘူး ၊ ဒါကို မင်းကသူတော်ကောင်းဝင်လုပ်ပီစ ငါ့ကို ထိုးတယ်ပေါ့ , မင်းကရော ဖြူစင်နေသလား ဟိတ်ကောင် "

" ထိုးတယ်ကွာ... ငါ့ customer မို့ ငါကာကွယ်ရမှာပဲ ၊ ဘယ်နည်းနဲ့မှ အပွန်းပဲ့ မခံနိုင်ဘူး ၊ Oki လား ၊ ရှင်းရင် မင်းလစ်လိုက်တော့ "

လက်ထဲကို ဆေးလိပ်အားယူကာ မီးညှိလိုက်ရင်း
ပါးစပ်မှ အငွေ့များကို မှုတ်ထုပ်လျှက် တစ်ဖက်လူကို ညစ်တစ်တစ်ပြန်ကြည့်လေသည်။

A Professional Killer  (Complete)Where stories live. Discover now