ကျောင်းကော်ရစ်တာ တစ်လျှောက် ငေးမောချင်းခံနေရသည့်ကောင်လေး
နာမည်မှာ ယိုရှီနိုရီ ,
ယိုရီတစ်ယောက် သူ့ မမရဲ့အချစ်ကိုပြန်ရဖို့အရေး အမြဲတမ်းအပင်ပန်းခံကာ Civil ဆောင်သို့ ချောင်းပေါက်မတက်လာခဲ့သည်။
ထိုစဉ်...
" ဟေးးးး ချာတိတ် "
ကင်ဒိုယောင်းတစိယောက် သူ့ပုခုံးအားလက်တို့ခေါ်လိုက်တာကြောင့် ကြောင်အ ကာ နောက်သို့လှည့်ကြည့်လာသည်။ မျက်နှာဟာ ဆူပုတ်လျှက်သား
" ဘာလဲ "
ဘောက်ဆက်ဆက်နှင့်ပြန်ထူးသည့်ပုံစံကြောင့် ယိုရှီတစ်ယောက် ဘဝင်မကျ ။
" မင်း.. ကိုယ့်ကိုသိလား "
" မသိဘူး... "
" အမ် "
ငါလူမှားဝာာလား ? ဒါမှမဟုတ် သူမဟုတ်ဘူးလား ၊ ကျစ် !
နေ... နေပါဦး ၊ နှုတ် နှုတ်ခမ်းက အနာက ငါနဲ့ဘာလို့များ ?? အယ် မဟုတ်လောက်ပါဘူး ၊
ခေါင်းကိုရမ်းခါလိုက်ရင်း တွေဝေသွားသည်။
မဟုတ်ဘူးဆိုလဲ... မဟုတ်ပေါ့ကွာ ၊ ဘယ်နှယ် လူကိုရန်လိုတဲ့အကြည့်နဲ့ ...
"Mahiro ... ငါဒီမှာ "
အဝေးကနေ လက်ပြ၍ အနာသို့ရောက်လာခဲ့သည်။
" သွားရအောင်လေ..."
" အေး "
Mahiro က Civil engineering ရဲ့ ဒုတိယနှစ်ဖြစ်လေသည်။
သူနဲ့ရေစက်ပါလို့ သူငယ်ချင်းဖြစ်လာတယ်လို့ပြောရမှာပဲ ၊ ကျောင်း အဆောင်ကို စရောက်တဲ့နေ့ ကော်ရစ်တာလှေကားစီတက်ရန်လှမ်းချိန်။ Mahiro က သူ့အား အလုံးစုံကူညီစေခဲ့လေသည်
Mahiro က သိပ်ကိုချမ်းသာသည့် အသိုင်းအဝိုင်းကပင် ၊ လူ့ယဉ်ကျေးလေး ဖြစ်သည်ဟုလဲ နာမည်ကြီးသလို , Hokkaido မြို့ရဲ့ ဝန်ကြီးချုပ်သားတစ်ဖြစ်လည်း နာမည်ကြီးသည်။
သို့သော် ကင်ဒိုယောင်းကတော့မသိပေ။
မနေ့ကစတင်ကာ ကင်ဒိုယောင်းနဲ့ရင်းနှီးခွင့်ယူခဲ့ပီး ကန်တင်းမှာရင်းနှီးခဲ့ကြလေသည်။

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !