မျက်မှောင်ကြုတ်၍ ကြည့်နေသူကိုပို၍ပင်
ထွေးပွေ့ထားချင်မိသည် လုပ်နေပုံကိုကအူယား
စရာ
" ကျွန်တော်ပြောတဲ့ထဲမှာ ရယ်စရာတစ်ခုမှ
မပါဘူးနော် "
" သိပါတယ်ဗျာ ဒီတိုင်းရယ်ချင်ရုံပါ "
" တော်ပြီ ပြန်တော့မယ် "
မျက်နှာရှစ်ခေါက်ချိုးဖြင့် မျက်စောင်းထိုးကြည့်ပေးခဲ့ပြီးတာနဲ့ လှည့်ထွက်သွားတော့တယ်
" နေပါဦး "
လက်ကိုအမီဖမ်းဆွဲလိုက်တာမို့ ခရောင်ရဲ့
ခြေထောက်တွေအလိုအလျောက်ရပ်တန့်သွား
ခဲ့၏။
" နှုတ်တောင်မဆက်တော့ဘူးလား "
" ဘာ နှုတ်ဆက်စရာအကြောင်းရှိလို့လဲ "
ရင်းဆက်ကမျက်စောင်းလေးပြန်ထိုးပြလိုက်ပြီး ခပ်ပီပီပြင်ပြင်လေးပြုံးပြတယ်
" ကဲ ထားပါတော့ ... ကိုယ်သွားတော့မယ်နော်
ခဏလောက်လေး ပြုံးရအောင်လုပ်ပေးခဲ့လို့
ကျေးဇူးတင်တယ်နော် "
တစ်ဖက်လူ၏ ထိုစကားသံတွေကြောင့်ပဲ
ကျွန်တော့်နှလုံးသားလေးကတော့ အထပ်ထပ်
အခါခါ အရည်ပျော်လျက်. ရပ်နေရာမှ ခရောင်အရပ်နှင့် level လောက်ညီအောင် ကုန်းလိုက်
ကာ ခေါင်းပေါ်ကဆံပင်နုနုလေးတွေကိုညင်ညင်သာသာ ဖွာရမ်းလိုက်တယ်
ဟင်..... ဘယ်လိုအနေအထားကြီးလဲ အနီးကပ်ကြီးပါလား ကျွန်တော့်ဆံပင်တွေကိုလည်းဖွ
လိုက်သေးတယ် ပြုံးတောင်ပြုံးပြလိုက်သေး
တကယ်ပဲဘယ်လိုအနေအထားကြီးတုန်း သူက
တော့ တစ်ခုပြီးတစ်ခုတုံ့ပြန် ၊ ကျွန်တော့်မှာတော့ ကြောင်အနေတဲ့ ခွေးအကြီးလိုသာ သူ့ကို
ကြည့်နေခဲ့မိတယ်
" သွားပြီနော် ဂရုစိုက်ပြန်ဦး "
ခရောင်ကိုလမ်းဂရုစိုက်ပြန်ပါဟုဆိုပြီးသည်နှင့်
ကျောခိုင်းခဲ့ကာ ကားရှိရာသို့ခြေဦးတည့်ခဲ့သော်လည်း တစ်လှမ်းချင်းခပ်သွက်သွက်လျှောက်နေသည့် ခြေလှမ်းများကား ရပ်လု
မတတ်ဖြစ်လာခဲ့ရ၍ ချက်ချင်းပင်ခရောင်ဘက်သို့ပြန်လှည့်လာခဲ့သည်
" ကားဂရုစိုက်မောင်းနော် မှောင်နေပြီ "
ရင်းဆက်က မျက်လုံးစုံမှိတ်လိုက်၍ ခေါင်း
တချက်ညိမ့်ပြလိုက်ကာ အမောပြေသွားသည့်
အပြုံးဖြင့်ပြန်၍တုံ့ပြန်လိုက်သည်။ပြီးမှ
ကားဆီသို့အပြေးအလွှားဝင်ကာ မောင်းထွက်
သွားပါတော့သည်
VOCÊ ESTÁ LENDO
If possible ~
Fanfic"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part- 7 )
Começar do início
