ဘဝရဲ့ တစ်ခန်းရပ်ပြဇာတ် တွေဟာ ဒီမှာတင် အဆုံးသတ်ပြီဟု ထင်ခဲ့လေခြင်း ။
သို့သော် !
" ဟဲလို... မေမေလား "
" အင်း..သားငယ်လေး ရောက်ပီလား "
" Hai...မေမေ "
" သားငယ် တကယ်ကြီး ဖေဖေ့ဆီမသွားမနေဘူးလား "
ကျစ် !
တစ်ချက် စုပ်သက်၍
" မေမေ "
" အင်းပါ.. အင်းပါ သားငယ်သဘော "
" အင်း.. အဆောင်ရောက်မှ ဖုန်းဆက်မယ် "
" အင်း အစစအရာရာ ဂရုစိုက်သားငယ်လေး "
" Hai "
ကျောင်းရဲ့ ညာဘက်အဆောင် လှေကား အကျယ်ကြီးစီကနေတက်၍ အရှေ့တည့်တည့်ဘယ်ဘက်ကိုချိုးလိုက်လျှင် ယောက်ျားလေးတွေချည်းနေတဲ့ သီးသန့် အဆောင်ရောက်လေသည်။
အခန်းထဲရောက်တော့ ကုတင်နှစ်လုံးရှိလေသည်။
တစ်ဖက်ကတော့ စီနီယာ ဆိုတာ သိထားသည့်ပုံပင်
" အဟွတ် အဟွတ် အာ့ "
လက်ကေ့ကို ဆွဲလာပီး ကျောပိုးအိပ်လေးတစ်လုံးဖြင့် ဝင်လာသည့် ကင်ဒိုယောင်း ။
ရုတ်တရက် ဘေးကုတင်ကိုကြည့်မိလိုက်တော့ အရက်ပုလင်းတွေ ဘီယာပုလင်းတွေက ရှိနေသည်။
ဘယ်သူလဲ... စလာပြန်ပီကွာ ၊ အေးချမ်းချင်လို့ အဆောင်လာနေပါတယ်ဆို ၊ အဆောင်မှူးကလည်း ဘယ်လိုလူမျိုးတွေနဲ့ နေဖို့ နေရာချပေးသလဲ မသိ ။
ထ်ုစဉ် Toilet ထဲမှ ရေချသံကြားလိုက်ရတာကြောင့် လူရှိတာသိလိုက်လေပြီ။
ထွက်လာသောသူမှာယိုင်နဲနဲ့ ဖြင့်
ကင်ဒိုယောင်းက်ုမြင်ကာ အားပါးတရစကားပြေးပြောဖို့အလုပ်
" ဟို.. မင်းက ဂျူနီယာ ကောင်လေး ! အွမ့် "
ကင်ဒိုယောင်းဆီသို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်လှမ်းလာချိန် ကော်ဇော အား ခလုပ်တိုက် ၍
မြေပြင်ပေါ်သို့ပင် တစ်ကိုယ်လုံးမြေခလေပီဒိုယောင်းပေါ်သို့ပင် အုပ်မိုးသလိုပုံစံဖြစ်၍
နှုတ်ခမ်းချင်း ရုပ်တရက် ဖိကပ်မိသွားသည်။

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !