YOSHINORI SIDE

238 25 2
                                    

" မင်း... မရိုင်းစမ်းနဲ့ "

" ဘာဖြစ်လဲ..ရိုင်းတော့ , ပထွေးနေရာပထွေးလိုနေမှပေါ့ "

" မင်းအဖေလေ ... အဖေလို့ခေါ်စမ်း အခုချက်ချင်း "

" ဟင့်အင်း.. လူ့လောကကြီးထဲမှာ သူတစ်ယောက်ထဲကျန်နေရင်တောင် ကျွန်တော့်အဖေဖြစ်လာစရာ ဘာအကန့်မှမရှိဘူး "

" အုံး အုံး အုံး "

ခြေထောက်ကို ဆောင့်နင်းကာ အိမ်အပြင်သို့တံခါးကိုဆွဲဆောင့်ဖွင့်ရင်းထွက်သွားလေသည်။

" ဟဲ့.. မပြောမဆိုနဲ့ ဒါကဘယ်လဲ "

ကျစ် !

" အမေ့ ယောက်ျားကိုသာ အမေပြုစုစမ်းပါ "

" ဒီကောင်လေးက တော့ အလိုလိုက်ထားလို့ယောင့်တက်နေတာ "

ထိုစဉ်

သူ့ပထွေးက ဝင်၍

" ဟန်နီရယ် မင်းရဲ့သားဆီက ငါဘာမျှော်လင့်ချက်မှ မရှိပါဘူးကွာ၊ ခလေးကို ဆူမနေပါနဲ့  ... "

" လွှတ်‌ထားလို့မရဘူး....မောင်ရဲ့ ဟန်နီ့သားဆိုးနေတာ ဟန်နီအသိဆုံး ၊ မောင် ဒီအိမ်ပေါ်ရောက်လာထဲက ဒီကလေး အကျင့်တွေပျက်ပြားနေတာ တစ်ရက်လဲ မဟုတ် ၊ နှစ်ရက်လဲ မဟုတ် "

" ထားပါ...ကဲကဲ ၊ ထမင်းသွားစားရအောင်ကွာ ၊ ဒေါသလေးလျှော့ ၊ သားကငယ်သေးလို့ပါ "

ထိုအခါမှ ‌မေမေ က မျက်နှာလေးတင်းထားသည်ကိုလျှော့ချ၍ ထမင်းစားခန်းဆီသို့သာ ။

အသားအရည်မှာ ဖြူဖွေးအုပီး ခပ်စိုစိုပင် ၊ လည်တိုင်တစ်လျှောက် Adam's apple ကြီးက ထင်းထွက်နေလျှက် လှပတဲ့ Jawline တွေက ယောက်ျားမိန်းမ‌ မရွေး ပြုစားခံရလောက်သည်အထိ ကို ဒေါင်လိုက်ကျနေသည်။

နှာတံစင်းစင်း ၊ မျက်ခုံးထူထူနှင့်  ၊ ညာဘက်နှုတ်ခမ်းအောက် မေးစေ့အထက် တွင် ထင်ရှားသည့်မှဲ့နက်လေးရှိသေးသည်။ လှပတဲ့ ပါးချိုင့်ခွက်လေးတွေက မပါမဖြစ် ။

ထိုသို့ ရုပ် , နာမ် ပြည့်စုံလွန်းသည့် ယောက်ျားက်ု KOBE မြို့ HYOGO ခရိုင်တွင် မွေးဖွားလေသည်။

ယိုရှီဟာ တစ်ဦးတည်းသောသားဖြစ်ပီး ဂျစ်ကန်ကန်နိုင်သည်။

အလယ်တန်း ပထမနှစ်တွင် ဖခင်ဆုံးပါးသွားခဲ့ပီး
အမေအရင်းဖြစ်သူမှ သူ့အားမတိုင်ပင်ပဲ နောက်အိမ်ထောင်သစ်တစ်ခုကိုထူထောင်ခဲ့လေသည်။

ကံဆိုးစွာနဲ့ပဲ ထိုနေ့က ဖခင်ဖြစ်သူ ရဲ့ ၅ နှစ်ပြည့်နှစ်ပတ်လည်ဖြစ်တာကြောင့် ပြောစရာမဲ့လောက်သည်အထိ မေမေ့အားမုန်းနေမိသည်။

ဒါကြောင့်လဲUniversity တက်ဖို့ KOBE မှာပဲ စဉ်းစားခဲ့တာ
မိသားစုအခြေအနေဟာ အဆင်မပြေတာကြောင့် Hokkaido University မှာ အဆောင်နေရင်းတက်ရန် ခိုင်မာ သည့်ဆုံးဖြတ်ချက်ချခဲ့သည်။

ယခု ကျောင်းပိတ်တုန်းလေးခဏပြန်လာမိတာ... အဆင်မပြေလိုက်ပုံများ

အဟက် !

ကျွန်တော့ ဆန္ဒတွေကို မမေးပါပဲ မေမေလုပ်ရက်လိုက်လေခြင်း ။

အသက်ရှင်နေလျှက်နဲ့ အဓိပ္ပါယ်မဲ့လှတဲ့ ဒီကျော့ကွင်းထဲက ကျွန်တော်ရုန်းထွက်ချိန် တန်ပြီလို့ထင်မိသည်။

ရွေးချယ်ခွင့်ဆိုတာ ကျွန်တော့မှာ မရှိသလောက်ပါပဲ ။

ဘဝရဲ့တစ်ဆစ်ချိုးမှာ ချက်ချင်းပြောင်းလဲ သွားရလောက်အထိကို ဒီကြားထဲ နုံအ ခဲ့တယ်။

ကျွန်တော်ပြောင်းလဲ ပစ်မယ် !

20.10.2023
Friday

9:50 PM

A Professional Killer  (Complete)Where stories live. Discover now