" ဝုန်း "
စားပွဲပေါ်သို့ ကျောပိုးအိတ်တစ်လုံးပစ်တင်လိုက်သည့် အသံတစ်ခုပင် ။
" ဒုန်း ဒုန်း ဒုန်း "
" တံခါးဖွင့်စမ်း ကင်ဒိုယောင်း ... "
" ကျွန်တော့မှာ ပြောစရာမရှိဘူးမေမေ "
" မင်း မရှိပေမဲ့....ငါရှိတယ်လေ "
မအေ ဖြစ်သူ ဆက်တိုက်ထုနေမှာကိုသိတာကြောင့် တံခါးသွားဖွင့်ပေးလိုက်လျှင်
" မင်း ငါ့စကားကို အလေးမထားတာလား ဟမ် "
" မဟုတ်ပါဘူး "
အသံဟာသိသိသာသာ တိမ်ဝင်သွားလေသည်။
" ပြော အဲ့တာဆို ဘာလဲ ? "
" မသွားချင်ဘူး... မမ ရှိတုန်းကတစ်မျိုးလေ ၊ အခုမမက ? မသိဘူး ကျွန်တော်မသွား ချင်ဘူး "
" သားငယ်... ဖေဖေ့ ကို ချစ်တယ်ဆို "
ကုတင်ပေါ် စိတ်ပျက်လက်ပျက်ဖြင့် ပုံ့ပုံ့လေးပြေးထိုင်လိုက်သည့် ကင်ဒိုယောင်းအား မိခင်က အနားသို့လာ၍ အရှေ့ဆံပင်အုပ်အုပ်လေးအား ဖွယမ်းလိုက်လေသည်။
" အဲ့လိုပြောကြေးဆို... ဖေဖေက ရော မေမေ့ကို ချစ်ခဲ့လို့လား "
ခက်ထန်သည့် မျက်ဝန်းတို့နဲ့ ကြည့်လာသည့်မေမေက မျက်လုံးတွေထဲ နာကျင်မှုနဲ့ နာကျည်းမှုတွေပြည့်နက်လို့နေတာ သိသာလွန်းသည်။
" ဒီမှာသားငယ်.. မေမေကလေ သားကိုပညာတတ်ကြီး ဖြစ်စေချင်တာ ၊ ပီးတော့ ဖေဖေနဲ့ပါ တရင်းတနှီးနေစေချင်တာလေ "
" မမ မရှိတော့တဲ့နေရာကို ကျွန်တော်ဘယ်လိုစိတ်နဲ့သွားပီး ကျောင်းသွားတက်မလဲ မေမေရယ်"
ပြောရင်းနဲ့ အသံတွေတုန်ရီလာသည်။
ငယ်ငယ်က မမနဲ့ ဆော့ခဲ့တဲ့ပုံရိပ်တွေ စာသင်ပေးခဲ့တဲ့ပုံရိပ်တွေ အမြဲတမ်းကိုယ့်မောင်လေးဆိုပီး ညှာတာပေးခဲ့တဲ့ပုံရိပ်တွေက
အခု မမ မရှိတဲ့နေရာမှာ ကျွန်တော်က ပျော်ပျော်ကြီးကျောင်းသွားတက်နေရင် တမလွန်က မမဖြစ်သူ Kim So Hee က လှောင်ပြောင်ရယ်မောနေပေလိမ့်မည်။

YOU ARE READING
A Professional Killer (Complete)
Fanfictionကျွန်တော်တို့ရဲ့ဘဝဟာ ဇာတ်မတိုက်ထားပါပဲ အကြောင်းမဲ့စွာတူညီနေလျှင်.... !