👨‍⚕️3👨‍⚕️

1.5K 53 6
                                        


Unicode 🤗

အပိုင်း(ဂ)

" အိမ်လခတစ်ပြားတစ်ချပ်မှမပေးထားဘူးဆိုပေမယ့် ဒီမှာအိမ်ရှင်အိမ်ငှားစာချုပ်.. ခင်ဗျားဘဲဖြဲပစ်လိုက်ပါ "

အဝတ်အစားအထုပ်များနှင့်အတူလွယ်အိတ်တစ်အိတ်အားလွယ်ကာအိပ်ခန်းထဲမှထွက်လာသောကောင်လေးက ကိုယ့်လက်ထဲသို့လက်ထပ်စာချုပ်အားထည့်ပေးလာသည်ကြောင့် မယူနိုင်သေးဘဲ အထင်လွဲနေသည့်ကိစ္စအားအမြန်ရှင်းပြဖို့ဆုံးဖြတ်လိုက်ရသည်။ မဟုတ်လျှင်သီတင်းကျွတ်လပြည့်နေ့ညမှာလူကြီးလူကြီးမှန်းမသိရမ်းကားစွပ်စွဲနေသည့် စော်ဘွားမျိုးရိုးစဝ်ခွန်မင်းဟန်တစ်ယောက်က ငရဲအိုးထဲကျတော့မည့်အဖြစ်။

" နေပါဦးကွာ မင်းလေးအထင်လွဲနေတာပါ ကြည့် မင်းလေးလက်မှတ်ထိုးထားတဲ့ဒီစာချုပ်ကိုသေချာပြန်ဖတ်ကြည့် ဒါဆိုအခုဖြစ်နေတဲ့ ပြဿနာတွေအားလုံးကိုနားလည်သွားလိမ့်မယ် "

" ဘာမှမကြည့်ဘူး ဒီစာရွက်နှစ်ရွက်ကိုခင်ဗျားမဖြဲပစ်ရင် ကျွန်တော်ကိုယ်တိုင်ဖြဲမယ်!! "

" ဟေ့ ဟေ့ မလုပ် မလုပ်နဲ့လေ ကိုယ် ကိုယ်ရှင်းပြ... "

မမီတော့ပါ..အချိန်တွေအားလုံးသာရပ်တန့်နိုင်မည့်ပါဝါသာရှိနေမယ်ဆိုထိုအခိုက်အတန့်လေးကိုရပ်တန့်ထားမိမှာ။ အခုတော့ ကိုယ့်ရဲ့ကြိုးပမ်းထားမှုလေးတစ်ခုဖြစ်တဲ့ လက်ထပ်စာချုပ်လေးဟာ တစ်စစီဆုတ်ပြဲသွားခဲ့ပြီဖြစ်၏။

" မင်းကွာလုပ်ရက်တယ် ကိုယ်တို့ရဲ့လက်ထပ်စာချုပ်လေးကိုမှ ဖြဲရက်တယ်ကွာ မင်းမှာနှလုံးသားမှရှိသေးရဲ့လား "

" ဘာ!! "

" ဟုတ်တယ် ဒေါက်တာစိုင်းခမ်းနောင်ဦးနဲ့စဝ်ခွန်မင်းဟန်ရဲ့တရားဝင်လက်ထပ်စာချုပ်..
အခုတော့မင်းဖြဲပစ်လိုက်လို့စက္ကူစုတ်ဖြစ်သွားပြီ ဘယ်လိုလဲပျော်ရဲ့လား "

" ခင်ဗျားဘာတွေကြောင်နေပြန်တာလဲ ဒီစာရွက်နှစ်ရွက်ကအိမ်ရှင်အိမ်ငှားစာချုပ်လေ ဘယ်ကလာပြီးလက်ထပ်စာချုပ်ဖြစ်ရမှာလဲ "

" အေး အဲဒီနေ့ကပွဲစားက ရှေ့နေကြီးဦးခင်မောင်တဲ့ မကျေနပ်ရင်ငါဖုန်းခေါ်ပေးမယ်စောင့်နေ "

မင်းလေးရဲ့ 💕 ဒေါက်တာလေး (Completed)Where stories live. Discover now