👨‍⚕️2👨‍⚕️

1.3K 72 4
                                        


Unicode 🤗

အပိုင်း(ခ)

" Kingရေ ငါစာတွေနားမလည်လို့ ပြီးတော့လေ စာတွေအကုန်ရောကုန်လို့ ငါ့ကိုကန်တင်းမှာလိုက်ရှင်းပြပါလား ငါမုန့်ဝယ်ကျွေးမယ်လေနော် "

" စာတွေရောကုန်တာ နင့်သောက်ကြောင်းလေ စာနားမလည်ရင်ဆရာတွေကိုသွားမေး နင်လည်းမျက်လုံးနှစ်လုံးနားနှစ်ဖက်ပါတယ်မလား စာသင်ချိန်မှာသူများတွေအားလုံးနားလည်ရင်နင်နားလည်ရမှာပေါ့ မကျေနပ်ရင်နားနေခန်းကဆရာတွေကိုသွားမေးပြီး မုန့်ဝယ်ကျွေးလိုက် "

စဝ်ခွန်မင်းဟန်ဆိုသည်ကားကျောင်းမှာလည်းသူငယ်ချင်းအပေါင်းအသင်းရယ်လို့တစ်ယောက်မှမရှိ။ သူ့သူသီးသီးသန့်သန့်တစ်ယောက်တည်းသာနေတတ်သည်။ စကားလာပြောလျှင်လည်းတစ်ခါတစ်လေမှာကောင်းကောင်းမွန်မွန်ပြန်ဖြေတတ်ပေမယ့် အီစီကလီလာလုပ်သည်ဟုသူ့စိတ်ထဲခံစားရလျှင်တော့ အရှိအရှိအတိုင်း တည့်တိုးပြောတတ်သည်ကသူ၏အကျင့်။

" ဒီနေ့တော့ဒီလောက်ပါဘဲ Test1လည်းနီးနေပြီဆိုတော့ စာသေချာလုပ်ကြပါ DAllဝင်အောင်ကြိုးစားကြပါ "

" ဟုတ်ကဲ့ပါဆရာ "

Anatomyစာသင်ချိန်ဟာ ထုံးစံအတိုင်းဘယ်လိုကုန်ဆုံးသွားမှန်းမသိကုန်ဆုံးသွားခဲ့ရပြန်သည်။ Anatomyဘာသာရပ်ဟာ Biochemistryလောက်ရှုပ်ထွေးမနေဘဲ စိတ်ဝင်စားဖို့ကောင်းလွန်းနေပါ၏။ ကိုယ်သဘောကျနေတဲ့လူတစ်ယောက်ကသင်ပေးတဲ့ဘယ်အရာမဆိုအတတ်လွယ်တာသဘာဝပဲထင်ပါရဲ့ဗျာ။

ခန္ဓာဗေဒစာသင်ချိန်ဟာ SecondMBတွင်သူ၏စိတ်အပါဆုံးအချိန်ဟုပြောရမည်ဆိုလျှင်မမှားနိုင်ပေ။ အရင်က Dead Bodyတွေကိုမြင်ရင်ကြောက်စိတ်အနည်းငယ်ဝင်မိပေမယ့် ယခုအချိန်တွင် ဒေါက်တာစိုင်းခမ်းနောင်ဦးရှိနေသည်ကြောင့် ကြောက်ဖို့ပင်မအားပါ။

( ကိုယ်သဘောကျရတဲ့လူတစ်ယောက်ကသင်ပေးမယ့်အရာတွေထဲမှာ ဆေးပညာအပြင် အချစ်သီးသန့်ပညာရပ်ပါထည့်ပြီးသင်ပေးရင် သိပ်ကောင်းမှာပဲ။ What is love? )

...

" ဒေါက်တာရေ ဒေါက်တာရေ ဒေါက်တာရှိလား ကယ်ပါဦး ကျွန်မသားလေးကိုကယ်ပါဦး "

မင်းလေးရဲ့ 💕 ဒေါက်တာလေး (Completed)Where stories live. Discover now