Intro
>>> နေ့စဥ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့အရာ...
အဲဒါဟာ မင်းလေးပါ <<<
#စိုင်းခမ်းနောင်ဦး
>>> နေ့တစ်နေ့ရဲ့အစမှာ
သူကြိုက်တဲ့ကော်ဖီလေးရယ်
သူမြတ်နိုးတဲ့စာအုပ်တွေရယ်
ပြီးတော့ ဒေါက်တာလေးရယ်ဟာ မရှိမဖြစ်လိုအပ်တဲ့အားဆေးတွေပေါ့ <<<
#စဝ်ခွန်မင်းဟန်
~~~~~~~~~~~~~~~~~~~~~~~~~
Unicode 🤗
အပိုင်း(က)
တစ်နှစ်တစ်နှစ်နဲ့အသက်တွေကြီးကြီးလာလိုက်တာယခုဆိုလျှင် SecondMBတောင် ရောက်ရှိလာခဲ့ပြီ။ ဆေးကျောင်းသားတိုင်းရဲ့အခက်ခဲဆုံးစာသင်နှစ်တွေထဲကတစ်နှစ်ဖြစ်တဲ့SecondMBကိုကျော်လွှားပြီးလျှင် ဆရာဝန်ဖြစ်ဖို့ခြေတစ်လှမ်းနီးလို့လာေလပြီဟုပြောရလျှင်မမှားနိုင်။
" ဒီနှစ်တော့ရှယ်ဘဲကွာ "
ကျောင်းစဖွင့်သည့်နေ့တွင်အတန်းထဲသို့အရင်မသွားသေးဘဲ ကန်တင်း၌ ကိုကာကိုလာတစ်ဘူးလာဝယ်ဖြစ်သည်။ ကိုလာဝယ်ပြီးအနုတ်မရှိသည့်အတွက်သွားလဲနေသည်ကို ထိုင်စောင့်နေစဥ် နောက်ဘက်စားပွဲဝိုင်းမှထွက်လာသောအသံကြောင့် နားစွင့်နေမိသည်။
" မင်းတို့သိကြလား မနှစ်ကတစ်ကျောင်းလုံးမှာစည်းကမ်းအကြီးဆုံးနဲ့အပေါက်အကြမ်းဆုံးဆိုတဲ့Anatomyဆရာမကို "
" ဒေါ်ဆူပုတ် ဒေါ်ဆူးပုတ်ရွက်ကိုပြောတာမလား "
" အေးအေး မင်းတို့လည်းဆရာမကိုပစ်မှားနေလိုက် အဲဒါနဲ့လိုရင်းမရောက်တော့ဘူး "
" အော် ပစ်မှားတာမဟုတ်ဘူးလေ အဲဒီဆရာမကအရယ်အပြုံးမရှိဘဲ အမြဲဆူပုတ်နေတာကို အဲဒါကြောင့်ကျောင်းသားတိုင်းရဲ့ပါးစပ်ဖျားမှာ ဒေါ်ဆူပုတ်တို့ ဒေါ်ဆူးပုတ်ရွက်တို့ဆိုပြီးနာမည်ကြီးနေတာလေ "
" ထားပါ အဲဒီတီချယ် ဒီနှစ်မရှိတော့ဘူး "
" မရှိတော့ဘူးဆိုတော့ သေသွားလို့လား "
" မအေဘေးကတော့ ဆရာဝန်လုပ်မနေနဲ့တော့ သေစကားဘဲပြောနေတယ် သေသွားတာမဟုတ်ဘူးဟေ့ ရာထူးတိုးTransferထင်တယ် ပြောချင်တာကကွာ ငါတို့Foundation yearကတက်လာပြီး SecondMBကိုအခုမှရောက်လာတဲ့မအူမလည်နုနုချွတ်ချွတ်ဆေးကျောင်းသားလေးတွေက တီချယ်ကြမ်းကြမ်းနဲ့မတွေ့ရတော့ဘူးကွာ အဲဒါဘယ်လောက်ကောင်းလိုက်လဲ "
YOU ARE READING
မင်းလေးရဲ့ 💕 ဒေါက်တာလေး (Completed)
Short Storyနေ့စဥ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့အရာ အဲဒါဟာ မင်းလေးပါ... လိမ္မာတဲ့ဒါဒါလေးတွေအတွက်Thadingyut Ficလေးရေးပေးခြင်း။ များများလိမ္မာကြနော် ဒါဆိုများများရေးပေးမယ်။ ဟီးးး စနုိးကတော့များများမလိမ္မာဘူး စာတွေခိုးရေးပြီးများများဆိုးတော့မှာ😻😽 ရှူးးးးး😝 #photocrd...
